Tuesday, May 27, 2008



အပြည့်အစုံဖတ်ရန်

ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

စစ်အစိုးရ၏ ရက်စက်ယုတ်မာမှု သို့မဟုတ် စစ်အစိုးရ၏ သူသတ်ပွဲအချို့အကြောင်း

ဗိုလ်မှူးအောင်လင်းထွန်း၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်နားဆင်ရန်
ဗိုလ်မှူးအောင်လင်းထွန်း၏ ကိုယ်တွေ့ စစ်အစိုးရ၏ ရုတ်မာ ရက်စက်မှုများအား ပြန်လည် ထုတ်ဖော်ပြောကြားချက် အား မဖြစ်မနေ နာထောင်ကြည့်ကြပါ။


အပတ်စဉ်စာစောင်အား ဤနေရာမှ ရယူပါ

အပြည့်အစုံဖတ်ရန်

ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

ရဲရဲတောက် ဇာနည်ဖွားများက စစ်အစိုးရကို အန်တုစိန်ခေါ်လိုက်ပြီ








အပြည့်အစုံဖတ်ရန်
In this photo released by Democratic Voice of Burma, members of the Myanmar opposition National League for Democracy party hold a portrait of party's leader Aung San Suu Kyi, during a protest in Yangon, Myanmar Tuesday, May 27, 2008. Myanmar's military junta extended the detention of opposition leader Aung San Suu Kyi on Tuesday, ignoring worldwide appeals to free the Nobel laureate who has been detained for more than 12 of the past 18 years, an official said. About 20 of the protesters were later detained. The banner reads "Free Aung San Suu Kyi immediately."


ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

ဒေါ်စုနေအိမ် ချီတက်ကြသော လူငယ်များကို ဖမ်းဆီး

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 27 2008 14:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ချီတက်ကြသော NLD လူငယ် ၁၅ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် ၁ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဖွဲ့ချုပ်က ပြောသည်။

"၁၅ ယောက် ဖမ်းသွားတယ်လို့ သတင်းရပါတယ်။ နာမည်တွေက မသိရသေးပါဘူး။ ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး" ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။



လူငယ်များကို ကမ္ဘာအေးဘုရားနားက ဘိုးဘွားရိပ်သာနားအရောက် အာဏာပိုင်များက ဒိုင်နာကားပေါ်သို့ အတင်းတက်စေပြီး ဖမ်းဆီးခေါ် ဆောင်သွား ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးအကြိမ် အကျယ်ချုပ်သက်တမ်း ၅ နှစ်ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကြသည့် NLD လူငယ်နှင့် အရပ်သားပြည်သူများမှာ ၁ဝဝ ကျော် ရှိခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်တဦးက ပြောသည်။

အပြည့်အစုံဖတ်ရန်...

အန်အယ်ဒီရုံးချုပ်အနီး ရဲနှင့်စစ်ကားများ စောင့်ကြပ်နေ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 27 2008 14:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်ရှိ အန်အယ်ဒီပါတီ ရုံးချုပ်အနီးတွင် အာဏာပိုင်များက လုံခြုံရေးကို ယနေ့ ထူထပ်စွာ ချထားသည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနားကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်အနီးတွင် ရဲကား ၂ဝ နှင့် စစ်ကားများ ချထားကာ ယူနီဖောင်းများ ဝတ်ဆင်ထားသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “တပ်ကားအစီး ၂ဝ ၊ တပ်ကားတွေလည်း ပါတယ်။ ကျနော်တို့ ဝန်းကျင်မှာတော့ ထူးထူးခြားခြား လုံခြုံရေး ချထားပါတယ်” ဟု ပြောသည်။


အလားတူပင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ်ရိပ်သားလမ်းသို့အဝင် ကုက္ကိုင်းမီးပွိုင့်ဘက်တွင် လုံထိန်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်များအား ၂ ယောက်၊ ၃ ယောက်တတွဲစီ ချထားကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည့်နေ့နှင့် ထူးခြားစွာ တိုက်ဆိုင်နေသော ယနေ့ အခမ်းအနားတွင် အဖွဲ့ချုပ်က အထူးကြေညာချက်တစောင် ထုတ်ပြန်မည်ဟု သိရသည်။ ကြေညာချက်တွင် စစ်အစိုးရက ကျင်းပခဲ့သောဆန္ဒခံယူပွဲအပေါ် အဖွဲ့ချုပ်၏ သုံးသပ် ချက် ပါဝင်မည်ဟု မျှော်လင့်ရသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရသော အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်ရုံးချုပ်တွင် မြန်မာစံတော်ချိန် ၂ နာရီတွင် ကျင်းပမည်။ အခမ်း အနားသို့ အဖွဲ့ချုပ်ဝင်များအပြင် တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားမကျင်းပခင် ယနေ့နံနက်စောစောက အဖွဲ့ချုပ်ရုံးတွင် လေဘေးကြောင့် သေဆုံးသွားသူများအတွက် ဆွမ်းကပ်လှူဒါန်းခဲ့သေးသည်။

အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးတာဝန်ခံ ကိုနေခြည်ဝင်းက “ဒီအခမ်းအနားကို လုပ်ကိုလုပ်ရမယ်။ ဘာလို့လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာက အမျိုးသားသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတာလေ။ ဒီဟာက ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတရပ်လုံး အတွက် နိုင်ငံရေးအနှစ်သာရ အပြည့်အဝရှိတဲ့ ပွဲဖြစ်တယ်” ဟု ပြောသည်။

အန်အယ်ဒီ သည် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည်တဝှမ်း ၈ဝ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယခုထိ အာဏာအပ်နှင်းခြင်း မရှိသေးပါ။

အပြည့်အစုံဖတ်ရန်...

Monday, May 26, 2008

လုပ်ပြီးစား စားပြီးလုပ်နေရသော နိုင်ငံရေးသမားဆိုသူများ

မီးခဲ

တိုင်းပြည်က ပြည်သူလူထု အခြေအနေတွေကြောင့် စိတ်လက်မချမ်းသာဖြစ်ရ အားမလိုအားမရ ဖြစ်နေရချိန်မှာ မိမိကိုယ်မိမိတောင်မှ ငါတို့ပြည်သူတွေအတွက် ဘာတွေများ တနေ့တနေ့ စဉ်းစားခဲ့သလဲ၊ ဘယ်လောက် အချိန်ပေးပြီးပြီလဲဆိုတာ မကြာခဏ မညာစတမ်း မေးခွန်းထုတ်နေရချိန်မှာ ဘယ်သူ့တွေကိုမှ အပြစ်တွေ မပြောချင်ပါဘူး။ လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုင်စွဲနေပြီး ကောင်းရာကောင်းကျိုးတွေ လုပ်နေကြမှာပဲလို့ပဲ တွေးထင်ခဲ့မိပါတယ်။

အခုတော့ သိပ်တရား လွန်နေကြပြီ။ မိမိစားခွက်လေးတွေ ပျောက်မှာစိုးလို့ ပြည်သူလူထုရဲ့ မျက်နှာကိုတောင် မကြည့်ဘဲ တရုတ်ကို အဖေတော်ချင်နေတဲ့ ပါတီတခုက ပုဂ္ဂိုလ်တွေအကြောင်းကို ဖွင့်ထုတ်ပြောဆိုဖို့ အချိန်ရောက်ပြီလို့ ယူဆမိတဲ့အတွက် စာရေးဖြစ်တော့တာပဲ။ အဲဒီပါတီက လူတွေတင် မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုယ် သိနေကြတဲ့ သူတိုင်းအတွက်လည်း ရည်ညွှန်းရာ ကျပါတယ်။


အဲဒီပါတီက ကြေညာချက်ကို အင်တာနက်ကနေ တွေ့လိုက်ရတယ်။ တတိုင်းတပြည်လုံးနှင့် ဆိုင်သော အရေးကိစ္စကြီးတွင် ပြည်တွင်းပြည်ပ အင်အားစုများအားလုံး အတူတကွ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုတဲ့ သူတို့ရဲ့သဘောထားကို ဖတ်လိုက်ရတယ်။ စစ်အုပ်စုထက်တောင် နောက်ကျပြီး မြန်မာမုန်တိုင်းရေးကို အရေးတယူလုပ်တဲ့ အဖွဲ့အစည်း ရှိပါသေးလားလို့ သံဝေဂ ရမိပါတယ်။ ခင်ဗျားတို့ နိုင်ငံရေးသမားလို့ ခံယူထားသူတွေမှာ အားအားရှိ ကြေညာချက်ထုတ်ပြီး တရားမ၀င်တဲ့ စစ်အုပ်စုကို ခဏခဏ လက်ဖြန့်တောင်းနေတာ မရှက်ကြဘူးလားလို့ ပြောချင်ပါတယ်။

နာဂစ်မုန်တိုင်းဖြစ်တာ ကြာပြီ။ ဘယ်အဖွဲ့အစည်းက လူထုနစ်နာချက်ကို ထုတ်ဖော်နေကြလဲ၊ ဘယ်နိုင်ငံ ရေးသမားတွေကများ ကိုယ့်ပြည်သူအရေးကို စိတ်ဝင်စားမှု ရှိကြသလဲ၊ စာနာမှုတွေ ထားကြသလဲ လူထု ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာ အကူအညီတွေ ရနိုင်ဖို့ ဘာတွေများ တွန်းတွန်းတိုက်တိုက် အားပေး ဆောင်ရွက်တာတွေ လုပ်ကြသလဲ၊ ခင်ဗျားတို့ ပါသလား၊ ဗုတ်နိုးကျတော့ ငွေရလို့ အငမ်းမရ အော်ကြ ဟစ်လိုက်ကြတာ ၀ါဒဖြန့်ချိရေးတွေ လုပ်လိုက်ကြတာ။ အဲဒီကြေညာချက်ကလည်း ခင်ဗျားတို့ရဲ့ ဗုတ်နိုး လက်ကျန်ရှင်းတမ်း ဖြစ်လိမ့်မယ်နဲ့ တူတယ်။ အခုချိန်မှာ ဗုတ်နိုးတွေ မရှိတော့ဘူး။ တရားမ၀င်တဲ့ လူထုက မရွေးချယ်တဲ့ စစ်အုပ်စုအတွက် ကြီးမားတဲ့ အကျပ်အတည်း ရောက်နေပြီ။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ လုပ်လို့တော့ မဟုတ်ဘူးနော်။

ရှင်းပါတယ်။ မုန်တိုင်းကြီးက အပြစ်မဲ့တဲ့ သူတွေကိုလည်း သေစေတေယ်၊ အပြစ်ရှိတဲ့ သူတွေကိုလည်း ကံအကျိုးတူ ပေးမှာပဲ၊ ခင်ဗျားတို့ကိုလည်း အကျိုးတူ ပေးတော့မယ်။ လုပ်စားခွင့်တွေ အထူးသဖြင့် နိုင်ငံရေးကို စီးပွားရေးလုပ်ငန်းလို လုပ်စားခွင့်တွေပျောက်ပြီး စားပြီးသား ငွေတွေကြောင့် ပြန်ပြီး လုပ်ပေးနေရတာတွေ ရပ်ရတော့မယ်။ နိုင်ငံတကာက အကူအညီတွေ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်တော့မယ်။ အနှစ် (၂၀) လောက် စားလာကြတဲ့ ခင်ဗျားတို့တွေ စိုးရိမ်နေကြပြီ မဟုတ်လား။ နာဂစ်မှာ စစ်အုပ်စုလိုပဲ ဘာမှ မဖြစ်သလို နေနိုင်ကြတာ ခင်ဗျားတို့ နိုင်ငံရေး လုပ်စားတွေပဲ ရှိတယ်။

ပြည်သူတရပ်လုံး လူတွေလို အသက်ရှင်ရပ်တည်ခွင့် မရှိတဲ့အချိန်မှာ သူတို့ကို ကယ်ဆယ်မယ့် နိုင်ငံတကာကို မျှော်လင့်နေချိန် ခင်ဗျားတို့လို မဖြစ်စလောက် လက်တဆုပ်စာလောက်သာရှိတဲ့ ပါတီက အမေရိကန်တော့ အ၀င် မခံနိုင်ဘူး၊ ပြင်သစ်တို့ ၀င်လို့မရဘူး၊ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိခိုက်မယ်၊ ၀င်ပြီးရင် ပြန်ထွက်မှာ မဟုတ်ဘူး ခင်ဗျားတို့ ပါတီသဘောက ကုလသမဂ္ဂ၀င်တာတောင် မကြိုက်ဘူးလို့ ဆိုနေတော့ ခင်ဗျားတို့ဟာ နအဖက လွှတ်လိုက်တဲ့ လူတွေလားလို့ မေးရလိမ့်မယ်။ တရားဝင် စာထုတ်ပြောဖို့ကျတော့ ဘာကြောင့် သတ္တိတွေ မရှိကြတာလဲ။ ခင်ဗျားတို့ သဘောထားက ငွေရဖို့အတွက် မျက်နှာကို လိုသလို ပြောင်းလုပ်ရတယ်။ စကားကို လိုသလို ပြောရတယ်ဆိုတော့ အရောင်တွေလည်း အမျိုးမျိုး ပြောင်းနေတာ မဆန်းလှပါဘူး။

တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ရင် လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာသုံး ပယ်ချလို့ မြန်မာနိုင်ငံ နစ်နာခဲ့တာ၊ မြန်မာတပြည်လုံးမှာ တရုတ်က လွှမ်းမိုးပြီး စီးပွားရေးအရ နယ်ချဲ့နေတာတွေ မြန်မာကို လက်နက်ရောင်းနေတာတွေ အားလုံးကို သိသိကြီးနဲ့ တရုတ်အိုလံပစ်ကို ဆန့်ကျင်တာကို မကြိုက်ဘဲ တရုတ်ကို မဆန့်ကျင်ဖို့ ခင်ဗျားတို့ပါတီက ပုဂ္ဂိုလ်ကြီးတချို့ ပြောနေတာတွေကလည်း စဉ်းစားစရာတွေပါပဲ။ ခင်ဗျားတို့ အဖေ တရုတ်ကို အထိမခံဘူးဆိုတော့ အနီတွေလား မေးချင်တယ်။ အမေရိကန် စတိတ်ဒီပါ့မန့်က ချပေးတဲ့ အန်အီးဒီက ငွေတွေ၊ အိုင်အာအိုင်က ငွေတွေကို အနှစ်(၂၀)လုံး သုံးပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ အော်နေသူတွေက နီချင်တော့လည်း နီသွားပြန်ရောပါလား။

ပါတီဗဟိုကော်မတီဝင် အများစုကြီးက အမေရိကန်၊ အင်္ဂလန်၊ နော်ဝေနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်း၊ ဒုက္ခသည်တွေ လျှောက်နေပြီး နိုင်ငံရေးလုပ်စားနေပြီး ကျုပ်တို့ပြည်သူတွေကို နိုင်ငံတကာက ကယ်ဆယ်ရေး တပ်တွေက အကူအညီပေးမယ် ဆိုတာကိုတော့ လက်မခံနိုင်ဘူးလို့ ခင်ဗျားတို့ ပါးစပ်က ပြောရဲတယ်ဆိုတာ သိပ်လည်း တရားကျစရာ ကောင်းလှပါတယ်။ အခုတော့ နိုင်ငံတကာက ဖိအားတွေ များလာပြီ။ မြန်မာ့အရေးက ထိပ်တန်း ရောက်လာပြီ။ ကိုယ့်ပြည်သူအပေါ်မှာ ယုတ်ကန်းပက်စက်တဲ့ အကြင်နာတရားမရှိတဲ့ စစ်အုပ်စုကြောင့် မြန်မာပြည်အရေးဟာ ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာပြီ။ ခင်ဗျားတို့လုပ်လို့ မဟုတ်ဘူးဆိုတာ သိပါတယ်နော်။

ပြည်တွင်းမှာ အကူအညီတွေ ရလာမှာကို မလိုလားကြဘဲ နှုတ်ဆိတ်နေတဲ့ ခင်ဗျားတို့တွေ နိုင်ငံတကာက အကူအညီတွေ ပေးတော့မယ်ဆိုမှ ပြည်တွင်းပြည်ပ အင်အားစုတွေပါ ၀င်ခွင့်ပြုရန် တောင်းဆိုတယ်ဆိုတော့ ခင်ဗျားတို့တွေ စားလို့ မ၀ကြသေးဘူးလားလို့ မေးချင်တယ်။ မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ပူဆွေးသောက ဖြစ်ရ၊ အားကိုမဲ့ ဖြစ်နေရချိန် ရက်(၂၀)ကျော်သွားပြီ။ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ပြည်သူတွေ အသက်ရှင် ရပ်တည်ရေး ကြိုးစားနေရချိန်မှာ ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ ခင်ဗျားတို့တွေ ဘယ်ချောင်တွေမှာ ရောက်နေကြလဲ။ အစည်းအဝေး ဆီမီနာတွေမှာ အဆီရစ်နေတဲ့ မျက်ခွက်တွေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အကြောင်းတွေ ဗုတ်နိုးအကြာင်းတွေကို ဒိုနာကြိုက်အောင် ပြောပြနေရမယ်နဲ့ တူတယ်။

ခင်ဗျားတို့ပါတီက လူတွေရဲ့ သမိုင်းကြောင်းက စုံစမ်းမှပဲ အဖြစ်မှန် ပေါ်တော့တယ်။ ခင်ဗျားတို့ပါတီက မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့တယ်လို့ သိလိုက်ရတယ်။ သို့သော် ပါတီက နှစ်ခြမ်းကွဲထားတယ်။ ၁၉၈၉က စစ်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ကော်မရှင်က ခွင့်ပြုခဲ့တာ ခင်ဗျားတို့မှန်း အစက မသိခဲ့ဘူး။ အခုမှပဲ ဇာတ်ရည်လည်တော့တယ်။ ပါတီထဲ အနီတွေ ၀င်လာပါပြီဆိုပြီး လန့်လန့်ဖြန့်ဖြန့်ဖြစ်တာ ခင်ဗျားတို့ အုပ်စုတွေမှန်း မသိခဲ့ပါဘူး။ အခုတော့ ခင်ဗျားတို့က သိပ်နီနေပြီး တရုတ်ထိရင် မခံဘူးလို့တောင် ဖြစ်နေတော့ မျက်စိတွေ လည်သွားတယ်။ တတ်လည်း တတ်နိုင်ပါပေတယ်။ အရောင်ပြောင်း အရေခွံလဲ ကျွမ်းကျင်ပုံရတယ်။ အမေရိကန်က ငွေယူ၊ ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့်တွေ ရယူပြီး တရုတ်လိုလားသူများ ဖြစ်နေကြတာ ခင်ဗျားတို့ နအဖနဲ့ မဖြစ်မနေ ပတ်သက်နေလိမ့်မယ်။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေ ကိစ္စကို ခင်ဗျားတို့ နေတတ်သလို နေခဲ့ပြီးမှ အခုကျမှ ကြေညာချက်ထုတ် အမြတ်ထုတ်ဖို့လုပ်တဲ့ ခင်ဗျားတို့အားလုံး သတိသာ ထားနေကြပေတော့။ စစ်အုပ်စုလိုပဲ ခင်ဗျားတို့ နိုင်ငံရေးလုပ်စားသူတွေ နေ၀င်ချိန် ရောက်ရတော့မယ်။


အပြည့်အစုံဖတ်ရန်...

စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား

မုံပီး
စနေနေ့၊ မေလ 24 2008 14:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်းသိမ်းမှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန်အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့တွင် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ သူ့ကို ထိန်းသိမ်းမှု သက်တမ်းသည် မေလ ၂၄ ရက်နေ့ သန်းခေါင်ယံတွင် တရားဝင် ကုန်ဆုံးမည် ဖြစ်သဖြင့် ထိုဥပဒေနှင့်အညီ သူ့ကို လွှတ်ပေးရမည်ဟု Freedom Now ၏ ဥက္ကဋ္ဌ Jared Genser က ပြောဆိုခြင်း ဖြစ်သည်။

“စစ်အစိုးရအနေနဲ့ သူ့ကို လွှတ်မပေးဘူးဆိုရင် ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ် ပြန်ပြီး ချိုးဖောက်တာ ဖြစ်နေမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်များ၏ ညွှန်ကြားချက်အရ သူ၏ ဥပဒေ အကျိုးဆောင်လည်း ဖြစ်သူ Genser က ပြောသည်။



၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ် တားဆီးသည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) အရ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုသူ၊ အများပြည်သူ၏ ငြိမ်းချမ်းမှုကို တားဆီး နှောင့်ယှက်သူဟု ယူဆရသူ မည်သူမဆို အများဆုံး ၅ နှစ်အထိ တားဆီး ကန့်သတ်မိန့် ထုတ်ပြန်နိုင်သည်။ ထိုအမိန့်ကို တနှစ်လျှင် တကြိမ် သက်တမ်း တိုးမြှင့်ရမည်’ ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် ၂ဝဝ၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊ ယခု မေလ ၂၄ ရက်နေ့တွင် အကျဉ်းစံသက်တမ်း ၅ နှစ်ပြည့်မြောက်မည်။ သူသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်။

“ထိန်းသိမ်းမှု သက်တမ်းကို ဆက်ထားဖို့ စစ်အစိုးရမှာ ဘာဥပဒေ အခွင့်အရေးမှ မရှိပါဘူး။ တကယ်လို့ ဆက်ဖမ်းထားမယ် ဆိုရင် ဒါဟာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ့်ဘာသာ ပြန်ချိုးဖောက်တာပဲ ဖြစ်လိမ့်မယ်” ဟု Genser က ပြောသည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြား ခေါင်းဆောင်များကလည်း သူတို့ပါတီ ခေါင်းဆောင်ကို ထိန်းသိမ်းထားခြင်းကို အစဉ်တစိုက် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ဖမ်းဆီးထားသည်မှာ တရားမဝင်ကြောင်းနှင့် လွှတ်ပေးရန်ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

“ဒါပေမဲ့ အစိုးရက ဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ သူ့ကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“တကယ်လို့သာ ဒီတကြိမ်လည်း ထိန်းသိမ်းမှု သက်တမ်းကို ထပ်တိုးခဲ့မယ်ဆိုရင်၊ အစိုးရဟာ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိဘူးဆိုတာ ပြသရာ ရောက်ပါလိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ဤအတောအတွင်း Human Right Watch ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းဖြင့် စစ်အစိုးရသည် ဥပဒေကို ခြယ်လှယ် ချိုးဖောက်နေသည်ဟု ဆိုလိုက်သည်။

ဥပဒေကို ဤကဲ့သို့ လိုသလို ခြယ်လှယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းသိမ်းမှု သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်ဟု (HRW) ၏ မြန်မာပြည်ရေးရာ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။

“စစ်အစိုးရ အနေနဲ့ လွှတ်ကို လွှတ်ရမယ်။ ဒီလိုပြောတာက ဥပဒေက ဒီအတိုင်း ဆိုထားလို့သာ မဟုတ်ဘူး၊ ဒါ လုပ်ကိုလုပ်ရမယ့် မှန်ကန်တဲ့ ကိစ္စလည်း ဖြစ်လို့ပဲ” ဟု Mathieson က ပြောသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ် အသိုင်းအဝိုင်းမှ ရရှိသော သတင်းအရ ဗိုလ်ချုပ်ကြီးများသည် နောက်ထပ် တနှစ် ဆက်လက် တိုးမြှင့်ရန် ပြင်ဆင် လုပ်ဆောင်နေကြပြီး၊ ယင်းကို စနေနေ့တွင် ကြေညာဖွယ် ရှိသည်။ ဤသည်မှာ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကုလနှင့် အာဆီယံ ပူးတွဲကျင်းပမည့် အလှူရှင်များ ကွန်ဖရင့် မတိုင်ခင် ၁ ရက်အလို ဖြစ်သည်။

“ဒီ့ထက်ကောင်းတဲ့ အချိန် မရှိတော့ပါဘူး” ဟု Genser က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသွားခဲ့ပါသည်။

အကယ်၍ မြန်မာစစ်အစိုးရသာ သူတို့ ဥပဒေကို လေးစား လိုက်နာခဲ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

“သူ့ကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ငြင်းဆန်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အာဆီယံ သံတမန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ဖြစ်မှာပဲ။ ဒီသံတမန်တွေက စစ်အစိုးရက တောင်းခံမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နိုင်ငံတကာ အကူအညီတွေကို နားထောင်ဖို့ ရောက်လာမှာမို့ပါ” ဟု သူက ဆက်ပြောသည်။

အပြည့်အစုံဖတ်ရန်...

Sunday, May 25, 2008

(၇၈)ရက်မြောက် မိုင်ပေါင်း(၃၀၀၀)ကျော် ခရီးရှည်ချီတက်ခြင်း

အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးတို့အတွက် မိုင်ပေါင်း(၃၀၀၀)ကျော်
ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေသင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင်
(၇၈)ရက်မြောက်ရှိခြဲ့ပီး မိုင်ပေါင်း(၂၀၀၀) ကျော်ဖြတ်သန်းခဲ့ပါပြီ ယခုဆှိုလျှင်သူတို့နှစ်ဦးဟာ(IOWA)ပြည်နယ်ကိုကျော်ဖြတ်နေပါတယ်။
သူတို့နှစ်ဦးရဲ့ချီတက်နေမှုအခြေအနေကအားရစရာပါ တနေ့ကို မိုင်(၃၀)ကျော်လျှောက်တယ်လို့ဆိုပါတယ်၊ ယခုဆိုရင် (၃)ပြည်နယ်ကို
ကျော်ဖြတ်ခဲ့ပြီးပါပြီ၊ (IOWA)ပြည်နယ်ကိုကျော်ဖြတ်ပြီးရင် (Illinois,Indiana,Ohio,Pennsylvania) ပြည်နယ်တွေကိုကျော်ဖြတ်မှာဖြစ်
ပါတယ်။

Iowa ပြည်နယ်ရှိ ကိုဇော်ဝင်းထွဋ်၊ကိုဝင်းကျော် တို့ဦးဆောင်တဲ့မြန်မာဒီမိုကရေစီမိသားစုများက ရဲဘော်အေသင်နဲ့ရဲဘော်ဇော်မင်းထွေး
တို့ကိုနွေးထွေးစွာကြိုဆိုရင်း တတ်နိုင်သမျှကူညီကြပါတယ်၊လောလောဆယ် ရာသီဥတုကတော့ကောင်းနေပါတယ် တခါတရံမိုးရွာလေ
တိုက်တာနဲ့ ကြုံတာကလွဲရင် လမ်းတလျှောက်အဆင်ပြေနေတုံးပါ၊ယခုလို အမိမြန်မာပြည် ငြိမ်းချမ်ရေး၊ပြည်သူလူထုဘ၀အေးချမ်းရေး
တို့အတွက် သူတို့တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်နေချိန်မှာ မုန်တိုင်းဒဏ်ခံရလို့ ပြည်သူတွေသောင်းချီအသက်ဆုံးရှုံးသွားကြောင်း
ကြားသိရတ့အဲ တွက် အလွန်ဝမ်းနည်းကြေကွဲရပါကြောင်းပြောပါတယ်၊ ချီတက်နေရင်း စိတ်မကောင်းစရာ သတင်းဆိုးကိုကြားရတော့
ရဲဘော်အေသင်တယောက် လမ်းလျှောက်နေရင်း ၀မ်းနည်းမျက်ရည်တွေ အဖြိုင်ဖြိုင်ကျခဲ့ရပါတယ်လို့ ပြောပါတယ်၊မိနစ်တော်တော်
ကြာကြာ လမ်းမလျှောက်နိုင်ပဲ လမ်းပေါ်မှာထိုင်ချရင်းပူဆွေးခဲ့ရပါတယ်လို့ဆိုပါတယ်။ အလွန်စိတ်ထိခိုက်နေပုံရပါတယ်။
နယူးယောက်ကိုရောက်နိုင်ဖို့ဆိုရင် နောက်ထပ်မိုင်ပေါင်း (၉၀၀) ကျော်ဆက်လျှောက်ရဦးမှာပါ၊ သြဂုတ်လ(၈)ရက်နေ့အရောက်ချီတက်
မှာဖြစ်ပါတယ်၊နောက်ထပ်(၂)လကျော်ကျော်လျှောက်ရဦးမှာဖြစ်ကြောင်းသိရပါတယ်၊အမိမြန်မာပြည်ရေးကိစ္စတွေကို နိုင်ငံတကာရောက်
မြန်မာပြည်သူများအနေနဲ့ရောနိုင်ငံတကာကပါ တတ်နိုင်သမျှဝိုင်းဝန်းလုပ်ဆောင်ကြဖို့ကိုလည်းနှိုးဆော်လိုက်ပါတယ်၊ လေမုန်တိုင်းဒဏ်
ခံရတဲ့ မြန်မာပြည် သူများကိုလည်း တတ်နိုင်သမျှကူညီကြဖို့လည်းပန်ကြားလိုက်ပါသေးတယ်။
ရဲဘော်အေသင်တို့ ရောက်လာမယ့် ပြည်နယ်အသီးသီးက မြန်မာဒီမိုကရေစီမိသားစုများကို မိမိတို့အနေနဲ့ မေတ္တာရပ်ခံအကူညီတောင်း
ပါတယ်၊သူတို့ရောက်လာကြရင် တတ်နိုင်သမျှအကူအညီပေးကြဖို့ ကျနော်တို့ အကြောင်းကြားလိုက်ပါတယ်။
ကိုအေသင်Ph(
9712857399)
ကိုဇော်မင်းထွေးPh(
9193576852)
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

အပြည့်အစုံဖတ်ရန်...

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ငလျင်ထပ်လှုပ် တဦးသေ ၂၀၀ဒဏ်ရာရ

25 May 2008
ဒီကနေ့မှာလဲ တရုတ်နိုင်ငံစီချွမ်းပြည်နယ်မှာ အင်အား (၅ဒဿမ၈) မက်ဂနီကျု ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူတဦး သေဆုံးခဲ့ပြီးတော့ လူပေါင်း (၂၆၀)လောက် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်ကျော် က လှုပ်ခတ်သွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အလယ်ပိုင်းမှာရှိနေတဲ့ တာတမံပေါင်း (၇၀)နီးပါး ဟာ ငလျင်ဒဏ်ကြောင့်အပြင် လာမယ့်ရက်တွေအတွင်း မိုးသည်းထန်စွာ ဒီဒေသမှာ ရွာသွန်းဖို့ ရှိတာကြောင့် ပြိုကျပျက်စီးနိုင်မယ့် အန္တရယ်တွေရှိနေတယ်လို့ တရုတ်နိုင်ငံ ရေအရင်းအမြစ် ၀န်ကြီး ဌာနက ဒီကနေ့ သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ညနဲ့ တနင်္လာနေ့ ကစပြီး မုတ်သုန်မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းပြီး တောင်ကျရေတွေလည်း ကျဆင်းလာ နိုင်တယ်လို့ တရုတ် မိုးလေ၀သ ဗျူရိုက မနေ့က ကြေညာထားခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် စီချွမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည် ငါးသန်းနီးပါးအတွက် အမိုးအကာတွေ တည်ဆောက်ရေး အဟန့်အတားတွေ ဖြစ်လာပြီး တောင်ပြိုကျမှု ရွှံ့မြေတွေ လွှမ်းမိုးမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

အပြည့်အစုံဖတ်ရန်...

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး မီးလောင်မှုဖြစ်ပွား


အပြည့်အစုံဖတ်ရန်

ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

မြန်မာအလင်းနဲ့ ကြေးမှုံရေ ခင်ဗျားတို့သတင်းတွေအမှန်ပဲလား



အပြည့်အစုံဖတ်ရန်

ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

နအဖ အားလား၊ ကြားလား


Spdc arr lar kyar lar.mp3

ဒီသီချင်းကို တေးရေး ကိုထက်အောင်ရှိုင်းက ရေးစပ်သီကုံးထားပြီး တေဆိုကတော့ AKT ဖြစ်ပါတယ်။ ကိုထက်အောင်ရှိုင်းဟာ နိုင်ငံရေးသီချင်းများကို ရေးစပ်သီဆိုနေသည်မှာ အတော်ပင် ကြာခဲ့ပါပြီ။ ၂၀၀၇ ခုနှစ်မလေးရှားရောက်မြန်မာသင်္ကြန်ပွဲတော်တွင် ကိုထက်အောင်ရှိုင်း၊ ကိုဆက္က တို့ သူငယ်ချင်းတစ်စုက ၀င်ရောက်ဖျော်ဖြေခဲ့ပြီး သီချင်ပေါင်း ၁၁ ပုဒ်ပါတဲ့ တေးစီတီးတစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ယခုအချိန်တွင် ကိုထက်အောင်ရှိုင်းတို့မှ နောက်ထက် တေးသီးချင်းများကို ရေးစပ်နိုင်ခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် အသံသွင်းနိုင်မှု အားနည်းနေပါသည်။ ထို့အတွက် ကိုထက်အောင်ရှိုင်းတို့ သူငယ်ချင်းတစ်စုက တစ်ဖက်တစ်လမ်းက အလုပ်လုပ်ကိုင်ရင်း ပြည်သူများအတွက် တေးသီးချင်းများကို စီတီလိုက်ထုတ်လွှင်မပေးနိုင်သောကြောင့် သီချင်းများကို တစ်ပုဒ်ချင်းဖျော်ဖြေပေးနေချင်းဖြစ်ပါသည်။ နောက်ဆက်တွဲ သီချင်းများကို ဆက်လက်ထုတ်လုပ်ရန် ရှိနေသေးသော်လည်း ငွေးကြေးအခက်အခဲကြောင့် အချိန်ခဏ ယူရဦးမည်ဟု ကိုထက်အောင်ရှိုင်းမှ ပြောကြားပါတယ်။ သီးချင်းတစ်ပုဒ်ကို မလေးရှာငွေ ၉၀၀ ရင်ဂစ်ကျော် ကုန်ကျတယ်။ အခုလုပ်တဲ့ စတီရီယိုက စက်တွေကလည်း တော်တော်ညံ့တယ်။ တစ်ခြားစတီရီယိုမှာ ပြောင်မလုပ်နိုင်သေးလို့ ဒီမှာပဲလုပ်နေရတယ်ဟု ကိုထက်အောင်ရှိုင်းက ပြောကြာခဲ့ပါတယ်။ အခက်အခဲ ပေါင်းစုံကြားမှ ပြည်သူများအတွက် ဖျော်ဖြေပေးထားတဲ့ သီချင်းများကို နားသောတဆင်း၍ အများပြည်သူများထံမှ ပြန်လည်ရိုက်ခက်လာမည့် အသံများကိုလည်း ကိုထက်အောင်ရှိုင်းမှ ကြားသိလိုကြောင်းပြောကြားပါတယ်။ ကိုထက်အောင်ရှိုင်းသို့ ပြောကြားလိုသော စကားများကို ကျနော်၏ ဘလော့မှ comment တွင်ဝင်ရောက်ရေးသားခြင်းဖြင့်လည်းကောင်း thanmyintstar@gmail.com မှ ကိုထက်အောင်ရှိုင်းအမည်တပ်၍ လည်းကောင်း ပေးပို့ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါတယ်။ ကိုထက်အောင်ရှိုင်နှင့် အဖွဲ သီဆိုဖျော်ဖြေခဲ့ပြီးသော သီးချင်းအားလုံးကို ကျနော်၏ ဘလော့မှာ မကြာခင်း တစ်ပေါင်းတစ်စည်းတည်း တင်ပြသွားပါမည်းဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

Saturday, May 24, 2008

လူသားချင်းစာနာသည့် နိုင်ငံတကာ အစည်းအဝေး ရန်ကုန်မှာ ကျင်းပနေပြီ

နေသွင်
တနင်္ဂနွေနေ့၊ မေလ 25 2008 16:07 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁ နာရီမှစတင်ကာ ကျင်းပနေပြီ ဖြစ်သည်။

ကုလအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ နီးပါး တက်ရောက်ကြမည်ဟု ရန်ကုန် ကုလသမဂ္ဂ ဌာနေရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်နေသည်။

ကုလသမဂ္ဂ အေဂျင်စီများ၊ ကြက်ခြေနီအဖွဲ့များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများလည်း အစည်းအဝေးသို့ တက်ရောက်ရန် ရှိနေသည်။

အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံများမှ သံတမန်များလည်း တက်ရောက်ဖွယ် ရှိသည်ဟု အစည်းအဝေး မကျင်းပခင် ကုလ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကျအပြီး ၃ ပတ်အကြာတွင် ကုလသမဂ္ဂနှင့် အာဆီယံက ကြီးမှူးကျင်းပသော အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က ကပ်ဘေးအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြမည် ဖြစ်သလို မြန်မာဘက်ကလည်း လက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို တင်ပြမည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေ အတွင်ရေးမှူး ဆူရင်း ပစ်ဆူဝမ်း (Surin Pitsuwan) ကလည်း အာဆီယံ၊ မြန်မာနှင့် ကုလသမဂ္ဂတို့ ပါဝင်မည့် သုံးပွင့်ဆိုင် စီမံခန့်ခွဲမှု ယန္တရားနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာနမှ အကြီးအကဲ ဂျွန်ဟုမ်း (John Holmes) က “ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဆိုင်ကလုန်း ဒဏ်ခံတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အပံ့တွေ ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေး၏ သဘာပတိများအဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရိုး (George Yeo) တို့က ဆောင်ရွက်ကြမည်။

ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ တောင်းခံထားပြီး ယခုအချိန်အထိ လက်ခံ ရရှိထားသော ငွေကြေးပမာဏမှာ သန်း ၅ဝ ရှိပြီး နောက်ထပ် ၄၂ ဒဿမ ၅ သန်းအတွက်လည်း ကတိရရှိထားပြီ ဖြစ်သည်။

စစ်အစိုးရက မုန်တိုင်းကြောင့် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်ဟု ပြောသည်

အပြည့်အစုံဖတ်ရန်...

Friday, May 23, 2008

မုန်တိုင်းဒဏ်သင့် လူသေအလောင်းများ ကောက်ယူသင်္ဂြီုဟ်နိုင်ခြင်း မရှိသေး

ကိုစိုး | မေ ၂၃၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး၍ သုံးပတ်ခန့် ကြာမြင့်လာသော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသ မြစ်ချောင်းများ၊ လယ်ကွင်းပြင်များတွင် ရှိနေသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော လူသေအလောင်း များကို ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်နိုင်သေးကြောင်း လေဘေးဒုက္ခသည်များကို ကူညီနေသူများက ပြော သည်။

ယင်းမုန်တိုင်းဒဏ်ခံရသော ဒေသများရှိ ဒုက္ခသည်များကို သွားရောက်အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကလည်း ၎င်းတို့ သွားရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ် ကန်စု ကျေးရွာတွင် ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်ရသေးသော အဆိုပါ လူသေအလောင်း များကို တွေ့ရှိခဲ့ရသည်ဟု ဧရာဝတီသို့ ပြောသည်။


ကိုကျော်သူကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး စစ်အစိုးရ က တလ ခန့် ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။

ကိုကျော်သူတို့၏ နာရေးကူညီမှုအသင်းသည် လေဘေးဒုက္ခသည်များ အကူအညီပေးရေးလုပ်ငန်းကို ကျယ်ပြန့် စွာပြုလုပ် နေသော အဖွဲ့တဖွဲ့ဖြစ်ရာ ၎င်းတို့အား ဒေသခံဒုက္ခသည်များက လူသေအလောင်းများအား ရှင်းလင်း ပေးရန် အကူအညီ တောင်းခံကြသည်ဟုလည်း သိရသည်။

“အဲဒီ နေရာတွေမှာ လူသေအလောင်းတွေက အခုအချိန်အထိကိုရှိနေတုန်းပဲ ဆိုတော့ မလွှဲမရှောင်သာကို လုပ်ရ မယ့် အလုပ်တခုပါပဲ၊ ဒါပေမယ့် ကျနော်တို့မှာ ရေထဲကအလောင်းတွေဆယ်ယူဖို့ လူအင်အားနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကိုကျော်သူက ပြောပြသည်။

မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့ရှိ ၎င်းတို့အသင်းမှလှူဒါန်းထားသော မီးသင်္ဂြီုဟ်စက်ပျက်စီးသွားသည့် အတွက်လည်း လူသေအလောင်းများကို မီးသင်္ဂြီုဟ်ရန်အခက်အခဲရှိကြောင်း ကိုကျော်သူက ထည့်သွင်းပြောကြား သည်။

ကိုကျော်သူက ဆက်လက်ပြီး“မြန်မာထုံးတမ်းစဉ်လာအရ သေဆုံးသူအလောင်းတွေကို ကောက်ယူ သင်္ဂြီုဟ်ပေး ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”ဟု လည်း ပြောဆိုသည်။

ဘိုကလေး မြို့ခံတဦးက မူ အစိုးရ အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများမှ မည်သူတဦး တယောက်ကမျှ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကောက်ယူသင်္ဂြီုဟ် ခြင်းမရှိ သေးကြောင်း ပြောသည်။

ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့်အဖွဲ့တဖွဲ့မှ ဆရာဝန်တဦးကလည်း“ဒီ လူသေအလောင်း တွေကို မြင်ရတာ စိတ်မချမ်းသာ စရာပါ၊ ကျနော်တို့ဟာ မြန်မာတွေဖြစ်ပါတယ်၊ ဒီလို အခြေအနေကြားထဲမှာ လုပ်နေကြရတာ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး”ဟု ပြောပြသည်။

ယင်းဒေသများရှိ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ကြံ့ဖွံ့အဖွဲ့ဝင်များကမူ လူသေအလောင်းများကို ရေထဲသို့ မျှောလွှတ်ပစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၂.၅ သန်း ခန့် ၎င်းတို့၏ လုပ်ငန်းများပျက်စီး ဆုံးရှုံး၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ကြောင်း ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။
မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံး တွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံး သူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်း ဌာနများက ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်ရန်...

လည်းတမ်းလမ်းဆုံ မှ ဆန္ဒပြမှု့

ဒီကနေ့ ၂၃.၀၅.၂၀၀၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လည်းတန်းလမ်းဆုံးမီးပွိုင်အလွန် တရုတ်ဘုံကျောင်းအနီတွင် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များဖြင့် အထိကရုံးဖြစ်ပွားရာမှ လူ ၈ ဦးသေဆုံးခဲ့သည်ဟု ကြားသိရသည်။ သေဆုံးသူများမှာ အမျိုးသား ၅ ဦး အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည်ဟု အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်တခုမှ ကြားသိရပါသည်။
သတင်းအတိအကျ ရရှိနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

ပြန်ခေါက်ထားရန်

အပြည့်အစုံဖတ်ရန်...

ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူဟု ဘန်ကီမွန်းပြောကြား

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 23 2008 14:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။

ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊

မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။

အပြည့်အစုံဖတ်ရန်...

Thursday, May 22, 2008

ဒုက္ခသည်များအတွက် ဆန် ပြည်တွင်းဈေးကွက်မှာ WFP ကို ၀ယ်ခွင့်ပေး

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကျွေးရမည့်ဆန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်အဖွဲ့ (WFP) အား ပြည်တွင်းဈေးကွက်တွင် ဆန်ဝယ်ရန် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို (၃) လစာ ကျွေးရမည့် ဆန်ပမာဏထဲမှ ပဏာမ ဆန်တန်ချိန် (၁) သောင်းကို ယခုကဲ့သို့ ပြည်တွင်း၌ ၀ယ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က သတင်းထုတ်ပြန်သည်။
သို့သော် မုန်တိုင်းဒုက္ခသည်များအတွက် လိုသည့်ဆန်ပမာဏ အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။



သို့သော် WFP ကို ရောင်းချမည့် ဆန်ကုန်သည်များမှာ WFP ကို ရောင်းချနေကြ ဆန်ကုန်သည် များသာ ဖြစ်ရမည်ဟု ခွင့်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း သားသမီးများပိုင်သည့် ကုမ္ပဏီများသာ ဆန်ရောင်းခွင့်ရမည်ဖြစ်ပြီး သာမန်ဆန်ကုန်သည်များမှာ WFP ကို ဆန်ရောင်းခွင့်မရနိုင်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

မုန်တိုင်းဒုက္ခသည် (၇) သိန်းခွဲကို (၃) လစာကျွေးရန်အတွက် ဆန်တန်ချိန် (၅) သောင်းခွဲ လိုမည်ဟု WFP က မှန်းထားသည့်အနက် ဆန်လိုအပ်ချက်၏ (၅၀) ရာနှုန်းကို ပြည်တွင်း၌
ဝယ်ရန်များသည်ဟု UNOCHA အဖွဲ့က ပြောသည်။

ပြည်ပဆန်တင်ပို့ခွင့်ရှိသည့် ကုမ္ပဏီများအနေဖြင့် မုန်တိုင်းမတိုင်မီက ဆန်ဝယ်ခွင့်ပြုထားသည့် နှုန်းမှာ ဧရာဝတီတိုင်းက ဆန်တန်ချိန် (၅) သိန်း၊ ပဲခူးတိုင်းက ဆန်တန်ချိန် (၁) သိန်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်တန်ချိန် (၁) သောင်းတို့ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ စပါးအပျက်နှုန်းမှာ သိုလှောင်ထားသည့် စပါးတန်ချိန် (၆) သိန်းအပါအ၀င် တန်ချိန် (၇) သိန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။ မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့နှုန်းက လွန်ခဲ့သည့် နှစ် (၄၀) အတွင်း တနှစ်တန်ချိန် (၄) သန်းမှ တနှစ်တန်ချိန် (၄) သောင်းထိ ကျသွားသည်။ ။

အပြည့်အစုံဖတ်ရန်...

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွက် တရုတ်လုပ်ကားများ နယ်စက်ရောက်

၂၀၀၈ မေလ ၂၀ ရက်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအသုံးပြုရန်အတွက် တရုတ်လုပ် Dong Feng Motor Corporation တံဆိပ်ပါ အသေးစား အလုံပိတ်မော်တော်ယာဉ် (Mini Ven) နှင့် အသေးစား ကုန်တင်မော်တော်ယာဉ် (Pick Up)ကားငယ်များ နယ်စပ်ကျယ်ခေါင်းသို့ ရောက်ရှိလာသည်ဟု မျက်မြင်သက်သေများကပြောသည်။




တနင်္ဂနွေညတွင် တရုတ်နိုင်ငံ ရွှေလီမြို့သို့ နှစ်ထပ်ကုန်တင်ယာဉ်ဖြင့် အသေးစားမော်တော်ယာဉ် (၈)စီးရောက်ရှိလာပြီး၊ကားရေဆေးခုံများတွင် သန့်ရှင်းရေးပြုလုပ်ခဲ့သည်ဟုသိရသည်။ မော်တော်ယာဉ် (၂)စီးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ POLICE စာတမ်းဖြင့် အပြာရောင် ကားဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ရဲတပ်ဖွဲ့၏ တံဆိပ်များပါရှိသည်။
တရုပ်လုပ် စစ်သုံးမော်တော်ယာဉ်အများအပြားကို မြန်မာစစ်တပ်သို့ ထောက်ပံ့နေခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုမည့် ရဲကားများပေးပို့ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။ လက်ဆောင်အဖြစ် ထောက်ပံ့ခြင်း (သို့မဟုတ်) ၀ယ်ယူခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တရုတ်နိုင်ငံမှ လက်ဆောင်အဖြစ်ထောက်ပံ့ခြင်းဖြစ်မည်ဟု အကဲခက်များက ခန့်မှန်းကြသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် ပြည်သူလုံခြုံရေးတက္ကသိုလ်နှင့် ရဲသိပ္ပံကောလိပ်ကျောင်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာရှိများကို လေ့ကျင့်ပေးလျှက်ရှိသည်။

အပြည့်အစုံဖတ်ရန်...

လေဘေးဒုက္ခသည်များကို နမူနာပြ ဖမ်းဆီး


NEJ/၂၂ မေ ၂၀၀၈
line
maupin

ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဖယ်ရှားရှင်းလင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ဘက်မှ ပြန်လာသူများက ပြောသည်။

ယခုလ (၁၉) တွင် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သူတဦးက “ကျနော်တို့ ကွမ်းခြံကုန်းမြို့နယ် က ပြန်လာတော့ လမ်းမှာ စစ်သားတွေ၊ ရဲတွေက ဒုက္ခသည်တွေကို လမ်းဘေးမှာ မနေဖို့ အော်လံတွေနဲ့ တားနေတာ တွေ့ရတယ်။ အမိန့်ကို မနာခံရင် ဖမ်းမယ်၊ တချို့နေရာတွေမှာတော့ တယောက်ကို ဒဏ်ငွေ ကျပ် (၃,၀၀၀) ရိုက်မယ်ဆိုပြီး ကြေညာတာ ကြားရတယ်” ဟု ပြောသည်။


ဒုက္ခသည်များက စစ်ကားနှင့် ရဲများ ချထားသည့် နေရာများတွင်မနေဘဲ အခြားနေရာများ၌ သွား စုရုံးကြကာ စစ်ကားများ ရောက်လာပါက လမ်းဘေးသို့ ဆင်းပြေးကြပြီး စစ်ကားများ လွန်သွား ပြီးနောက် လမ်းပေါ်သို့ ပြန်တက်လာကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်နားရှိ ကျေးရွာတရွာ၌ လူ (၂၃) ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပညာပေး ပြန်လွှတ်လိုက်သော်လည်း နောက်နေ့များတွင် ထပ်ဖမ်းမိပါက ပြန်လွှတ်မည်မဟုတ်ဟု ပြောသည့် အတွက် ဒုက္ခသည်များ မကျေမနပ်ဖြစ်နေကြကြောင်း ပစ္စည်းသွားရောက်လှူဒါန်းသူတဦးက ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်အတွင်း ကျေးရွာများ၌ ပြည်သူအများအပြား အိုးအိမ်ကျွဲနွားများ ဆုံးရှုံးကြပြီး အများစုမှာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည်။

အချို့ရွာသားများမှာ ၎င်းတို့၏ ရွာများတွင် ဖြစ်သလို ပြန်နေကြရပြီး အစိုးရနှင့် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများ မရရှိသေးပေ။

အဆိုပါ ကျေးရွာများမှ ဒုက္ခသည်များသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပုဂ္ဂလိက အလှူရှင် များ မလာရောက်သည့်အတွက် ရန်ကုန်မြို့မှ အလှူရှင်အများအပြား လာရောက်သည့် ကော့မှူး၊ ကွမ်းခြံကုန်း ကားလမ်းများပေါ်သို့ တက်ပြီး အလှူခံကြခြင်းဖြစ်သည်။

နအဖ အာဏာပိုင်များက ကွမ်းခြံကုန်းမြို့အ၀င် ဘောလုံးကွင်း၌ ယာယီတဲ အလုံး (၂၀) ကျော် ထိုးပြီး ဒုက္ခသည်များကို စောင့်ရှောက်ထားသော်လည်း လုံလောက်မှုမရှိပေ။

လတ်တလောတွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လေဘေးဒဏ်ခံ ဒေသများသို့ လှည့်လည်ကြည့်ရှုနေခြင်း၊ ယနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာ နိုင်ငံလာရောက်ပြီး ဒုက္ခသည်များကို လိုက်လံကြည့်ရှုရန် ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့
လမ်းပေါ်ရှိ သောင်းနှင့်ချီသည့် ဒုက္ခသည်များကို ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်ကြသည်။

ဖျာပုံ-ဘိုကလေး ကားလမ်းတလျှောက်၌လည်း ဒုက္ခသည် သောင်းနှင့်ချီ ရှိနေပြီး နအဖ အာဏာပိုင်များက စစ်တပ်နှင့် ရဲများကို အသုံးပြုကာ အဓမ္မ ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်ရန်...

နာဂစ်နဲ့ အာတူးပီ (ဖက်ဖြစ်အောင် ဖက်စေချင်ပါသည်။)

ဦးစိန်ကျော်လှိုင်
ကမ္ဘာကပေးတဲ့ အကူအညီတွေ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ မြန်မာစစ်အစိုးရမျိုးကို နိုင်ငံတကာက စစ်အင်အားသုံး ၀င်ပြီး မြန်မာဒုက္ခသည်တွေ ကူညီသင့်တယ်ဆိုတဲ့ဘက်က ထောက်ခံပြောဆိုသူတွေရှိသလို စစ်ရေးနည်းမသုံးဖို့ သတိပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

အစိုးရတရပ်အနေနဲ့ မိမိပြည်သူတွေအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့ဘူးဆိုရင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာအသိုင်းအ၀န်းက စစ်ရေးနည်းနဲ့ ၀င်စွက်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အင်္ဂလိပ်လို Responsibility to Protect လို့ ခေါ်ပါတယ်။ အခေါ်ရလွယ်အောင် အာတူးပီ (R2P) ဆိုတဲ့ အင်္ဂလိပ်စာလုံး အတိုကောက်နဲ့ အနောက်နိုင်ငံတွေမှာ သုံးနှုန်းလေ့ ရှိပါတယ်။



အာတူးပီဖြစ်လာတဲ့အကျဉ်းချုပ်ကတော့ ၁၉၉၀ ခုနှစ်များအတွင်း ရ၀မ်ဒါနဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနားက Srebrenica ဒေသတွေမှာ ရက်စက်တဲ့ သတ်ဖြတ်မှုတွေအပြီး ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုပြီး ကနေဒါအစိုးရက စတင်လောဆော်ခဲ့ပါတယ်။ ဒိနောက်၂၀၀၅ ခုနှစ်မှာ အာတူးပီ Mandate ကို ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

ချုပ်ပြောရရင် အာတူးပီသုံးဖို့ အဓိက အခြေအနေ (၄) မျိုး လိုပါတယ်။ လူအစုလိုက် အပြုံလိုက် သတ်နေတဲ့ အခြေအနေမျိုး (Genocide) လူမျိုးစုတွေ မျိုးတုံးအောင်သတ်ဖြတ်နေတဲ့ အခြေအနေမျိုး (ethnic cleansing)၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ အခြေအနေမျိုး(War Crimes) နဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့အခြေအနေမျိုး (Crime against humanity) တွေမှာ အာတူးပီသုံးနိုင်တယ်ဆိုပြီး တိတိကျကျ သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတခုမှာ ဒီလိုအခြေအနေတခုခု ဖြစ်နေရင် နိုင်ငံတကာအသိုင်းအ၀န်းက စစ်ရေးနည်းနဲ့ဝင်ပြီး အကာ အကွယ် ပေးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ခုဆိုရင် ကယ်ဆယ်ရေး ပစ္စည်းတွေတင်ထားတဲ့ အနောက်နိုင်ငံစစ်သင်္ဘောတချို့ မြန်မာကမ်းခြေနဲ့ မလှမ်းမကမ်းမှာ ရောက်နေသလို တချို့နိုင်ငံတွေကလည်း စစ်အစိုးရခွင့်ပြုချက်မယူဘဲ လေကြောင်းကနေ ကယ်ဆယ်ရေးပစ္စည်းတွေ မြစ်ဝကျွန်းပေါ်ချပေးသင့်တယ်လို့ ဖိအားပေးနေချိန် ဖြစ်ပါတယ်။ ဒါကြောင့် အာတူးပီသုံးဖို့ အခြေအနေရှိသလား ဆန်းစစ်ဖို့လိုပါတယ်။

အာတူးပီထောက်ခံတဲ့ အနောက်အုပ်စုတွေကတော့ သဘာဝ မုန်တိုင်းအန္တရာယ်အပြီးမှာ မြန်မာ စစ်အစိုးရက ပြည်ပအကူအညီတွေ ကြန့်ကြာအောင် လုပ်နေတဲ့အချက်ကို ပြည်သူတွေ အပေါ် ရက်ရက်စက်ကျူးလွန်နေတဲ့ အခြေနေမျိုး (Crime against humanity) လို့ စွပ်စွဲပါတယ်။ ဒီစွပ်စွဲချက်ဟာ မူလ အာတူးပီလုပ်ပိုင်ခွင့်ပါ အခြေအနေနဲ့ကိုက်ညီနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မလိုဘဲ အင်အားကြီးအနောက်နိုင်ငံတွေက မြန်မာ နိုင်ငံထဲကို စစ်အင်အားသုံးဝင်ဖို့ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်လို့ အာတူးပီထောက်ခံသူတွေက ယူဆပါတယ်။

ဒီအဆိုကို International Crisis Group (ICG) ကလည်း ထောက်ခံပြီး မြန်မာနိုင်ငံကို စစ်အင်အား သုံးဝင်ဖို့ လမ်းခင်းပေးတဲ့အချက်လို့ ထောက်ပြပါတယ်။ တဘက်ကကြည့်တော့လည်း ICG ဥက္ကဋ္ဌ Gareth Evans ဟာ Australia နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သလို အာတူးပီကို ကုလသမဂ္ဂက အသိအမှတ်ပြုလာအောင် တချိန်က ဦးဆောင်စည်းရုံးခဲ့သူ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အာတူးပီကို ထောက်ခံတဲ့ သူ့အမြင်ဟာ အံ့သြစရာမဟုတ်ပါဘူး။ ဂျာမန်အစိုးရ ပါလီမန် အမတ်တွေထဲမှာလည်း အာတူးပီထောက်ခံသူတွေရှိပြီး မြန်မာနိုင်ငံကို စစ်အင်အားသုံးဝင်ဖို့ သဘောတူပါတယ်။

မြန်မာနိုင်ငံကို အာတူးပီသုံးပီ စစ်ရေးနည်းနဲ့ ၀င်စွက်မယ်ဆိုရင် တခြားနိုင်ငံတွေပါ အလားတူ စစ်ရေးနည်းနဲ့ ၀င်စွက်နိုင်ဖို့ နမူနာဖြစ်သွားနိုင်တဲ့အတွက် ထင်ရှားတဲ့ ဂျာမန်နိုင်ငံရေးသမားတွေ ထောက်ခံတဲ့ အနောက်နိုင်ငံ ဖိအားပေးအုပ်စုတွေကပါ အပူတပြင်း တောင်းဆိုနေတာ ဖြစ်တယ်လို့ ထင်မြင်သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် အာတူးပီသုံးပြီး မြန်မာနိုင်ငံထဲကို စစ်ရေးအင်အားနဲ့ ၀င်မယ်ဆိုရင် ဒုက္ခသည်တွေရဲ့ စရိတ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ကုလသမဂ္ဂ လူမှုရေးရာညှိနှိုင်းရေးအဖွဲ့ (UNOCHA) က သတိပေးထားပါတယ်။ အာဏာရှင်နိုင်ငံတွေကတော့ အာတူးပီဟာ အစိုးရ အပြောင်းအလဲ လုပ်နိုင်အောင် အနောက်နိုင်ငံတွေရဲ့ စစ်ရေးနည်းကြိုးပမ်းချက်တွေအတွက် ကြိုပြီး အကာအကွယ်ယူထားတာလို့ ယူဆပါတယ်။

ဒီနေရာမှာ ပါမောက္ခ Edward Luck ရဲ့အမြင်ကို ကြည့်ဖို့လိုပါတယ်။ ပါမောက္ခ Edward Luck ဟာ အာတူးပီလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထူးအကြံပေးအရာရှိအဖြစ် ဒီနှစ်ဆန်းပိုင်းကမှ ကုလသမဂ္ဂက ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။ ပါမောက္ခ Edward Luck ကတော့ အာတူးပီသုံးပြီး မြန်မာနိုင်ငံတွင်း စစ်ရေးနည်းနဲ့ ၀င်ရောက်ဖို့ ကိစ္စကို သဘောမတူပါဘူး။ အစိုးရတရပ်က စောစောက ပြောခဲ့တဲ့ အခြေအနေလေးမျိုးထဲက တမျိုးမျိုး ကျူးလွန်နေရင်သာ အာတူးပီသုံးဖို့ လိုပြီး တခြားကိစ္စတွေအတွက် သဘောတူထားတာ မရှိတဲ့အချက်ကို သတိပြုဖို့ လိုတယ်လို့ ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံအရေးမှာ အာတူးပီသုံးရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပါမောက္ခ Edward Luck က ခုလို မြင်ပါတယ်။

-သဘာဝဘေးအန္တရာယ် ဖြစ်နေတာ ကူညီမယ့်ကိစ္စ မတုံ့ပြန်ဘဲ လုပ်နေတဲ့ မြန်မာစစ်အစိုးရကို ပြည်သူတွေအပေါ် ရက်ရက်စက်ကျူးလွန်နေတဲ့အခြေနေမျိုး (Crime against humanity) ရောက်နေပြီဆိုတဲ့ စွပ်စွဲချက်တွေရှိပေမယ့် ဒီအချက်ဟာ ဥပဒေပညာရှင်တွေကြား အချေအတင် ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။

-လေကြောင်းကနေ ဒုက္ခသည်တွေအတွက် အစားအစာတွေ ချပေးမယ်ဆိုရင်လည်း မြေပြင်မှာ လူတွေရုန်းရင်းဆန်ခတ် ဖြစ်ကုန်နိုင်တယ်။

-မြစ်ဝကျွန်းပေါ်ကလည်း ခုဆိုရေလွှမ်းနေသေးတယ်။ မြေပြင်မှာ လူကိုယ်တိုင် ဖြန့်ဖြူးပေး သလောက် မထိရောက်နိုင်ဘူး။

-လိုချင်တဲ့နေရာ အတိအကျ ပစ္စည်းချပေးနိုင်ဖို့ အတော်မလွယ်တဲ့ကိစ္စဖြစ်တယ်။

-မြန်မာလေပိုင်နက်ကို ကျူးကျော်တာဟာ ပြင်ပကမ္ဘာကို စစ်အစိုးရက ပိုပြီး သံသယဖြစ်စေနိုင် တယ်ဆိုတဲ့ ဒီအချက် (၅) ချက်ကို အာတူးပီရေးရာ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ ပါမောက္ခ Edward Luck က ထောက်ပြပါတယ်။

ဒါပေမယ့် အာတူးပီဟာ ရ၀မ်ဒါနိုင်ငံမှာ တချိန်က လူ (၈) သိန်းကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်တာမို့ အာဖရိကနိုင်ငံတွေက အာတူးပီလုပ်ပိုင်ခွင့်ကို ထောက်ခံတယ်ဆိုတာကိုတော့ ပါမောက္ခ Edward Luck က ၀န်ခံပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner ကတော့ မုန်တိုင်းဒုက္ခသည်တွေပေးမယ့် နိုင်ငံတကာ အကူအညီတွေ မြန်မာစစ်အစိုးရလက်ခံလာအောင် လုံခြုံရေးကောင်စီက စစ်အစိုးရကို ဖိအားပေးသင့်တယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာစစ်အစိုးရကို အကူအညီတွေ လက်ခံလာအောင် မလုပ်နိုင်ရင် သတ္တိကြောင်တယ်လို့ ခံစားထိုက်ကြောင်း Le Monde ပြင်သစ် သတင်းစာမှာ Mr Kouchner က ရေးပါတယ်။

မြန်မာကမ်းရိုးတန်းနဲ့ မလှမ်းမကမ်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီးစောင့်နေတဲ့ ပြင်သစ်စစ်သင်္ဘောLe Mistral ရှိနေတယ်ဆိုပေမယ့် ပြဿနာက သင်္ဘောပေါ်က ကယ်ဆယ်ရေး ပစ္စည်းတွေ ကုန်းပေါ်ရောက်တာနဲ့ ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီပစ္စည်းတွေ ဒုက္ခသည်လက်ရောက်အောင် မေ (၂၅) ရက် အာဆီယံ အစည်းအဝေးက လမ်းခင်းပေးနိုင်မယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်ပါတယ်။

အာတူးပီသုံးပြီး မြန်မာနိုင်ငံထဲကို စစ်ရေးနည်းနဲ့ဝင်ရင် ဘာဖြစ်နိုင်တယ်၊ ညာဖြစ်နိုင်တယ် ထောက်ပြသူတွေအနေနဲ့ စစ်ရေးနည်းဟာ အာတူးပီ လုပ်ပိုင်ခွင့်ထဲက မတတ်သာမှ သုံးရမယ့် နောက်ဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာ သတိချပ်ဖို့ လိုတယ်လို့ ကနေဒါနိုင်ငံ Winnipeg တက္ကသိုလ် ဥက္ကဋ္ဌ Lloyd Axworthy ကလည်း သူ့အမြင်ကို ဖော်ထုတ်ပါတယ်။

အစိုးရတွေ ကိုယ့်ပြည်သူကို ကာကွယ်နိုင်စွမ်းရှိလာအောင် ဖိအားပေးတဲ့နေရာမှာ ကျယ်ပြန်တဲ့ သံတမန်ရေးနည်းလမ်းတွေ၊ နိုင်ငံရေးနည်းလမ်းတွေသုံးပြီး သက်ဆိုင်ရာ အစိုးရတွေကို ဖိအားပေးတဲ့နည်းတွေလည်း ကုလသမဂ္ဂရဲ့ အာတူးပီလုပ်ပိုင်ခွင့်ထဲမှာ ပါနေပါတယ်လို့ Lloyd Axworthy က ပြောပါတယ်။

ပြောရရင်တော့ အပြစ်မရှိသူတယောက်ဟာ AK-47 မောင်းပြန်သေနတ်နဲ့ အပြစ်ခံရလို့ သေသေ၊ နိုင်ငံတကာအကူအညီတွေ မရအောင် အပိတ်ခံထားရလို့ အစာငတ်သေသေ အခြေခံအားဖြင့် အာတူးပီနဲ့ အကျုံးဝင်ပါတယ်လို့ Lloyd Axworthy က ဆက်ပြောပါတယ်။

ဆူဒန်နိုင်ငံ ဒါဖာ နဲ့ ကွန်ဂိုလိုကိစ္စတွေမှာ နိုင်ငံတကာအသိုင်းအ၀န်းက ထိထိရောက်ရောက် မကူညီနိုင်ခဲ့တာတွေကိုကြည့်ရင် အာတူးပီဟာ ထောက်ခံသူများများလိုနေတယ်၊ ဒိထက်တိုးတက် အောင် ပြုပြင်ဖို့ လိုနေတယ်လို့ပါ သူကပြောပါတယ်။

ဒါပြင် မြန်မာနိုင်ငံမုန်တိုင်းဒုက္ခသည်တွေအရေးမှာ အာတူးပီသုံးနိုင်ရင် အထူးသဖြင့် အာရှနိုင်ငံ တွေအတွက် အာတူးပီနိုင်ငံတကာစံနှုန်းရဲ့ အရေးပါမှုကို ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသရာ ရောက်မှာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံ Winnipeg တက္ကသိုလ် ဥက္ကဋ္ဌ Lloyd Axworthy က ယူဆပါတယ်။

အပြည့်အစုံဖတ်ရန်...

ယနေ့ လှိုင်သာယာတွင်






အပြည့်အစုံဖတ်ရန်...

၂၀၀၈ ခုနှစ် ပြည်တွင်း အထွေထွေသပိတ်ဖြစ်မြောက်ရေးကော်မတီမှ အရေးပေါ်ပေးပို့သော အီမေး

အင်မတန်မှ ယုတ်မာကောက်ကျစ်သော နအဖ အစိုးရသည် ဘန်ဂီမွန်ကိုလည်း ဂရုမစိုက်သည့် သဘောဖြင့် ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရောက်သည့် နေတွင်ပင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ခဲ့သည်။ မြန်မာပြည်သူများ၏ အမြင်တွင် ဘန်ကီမွန်း၏ ခွင့်ပြုချက်ဖြင့် အကျယ်ချုပ်သက်တမ်းထပ်တိုးသရောင် ထင်ရောင်ထင်မှားဖြစ်စေခဲ့သည်။ ယခုအချိန်တွင် NLD လူငယ်များနှင့် ကျောင်းသားခေါင်းဆောင် အချို့ကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားခဲ့သည်။
ကျနော်တို့ပြည်သူများအနေဖြင့် နအဖ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ကြောက်မနေသင့်တော့ပေ။ ယခင်ကကဲ့သို့ ဆက်လက်ကြောက်ရွံနေမည် ဆိုလျှင် တစ်သက်လုံး ကြောက်နေရတော့မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူ၊ ပြည်သားအပေါင်း နီစပ်ရာ အဖွဲ အစည်းများနှင့် ပူးပေါင်းဆက်သွယ်၍ ၂၀၀၈ အထွေထွေသပိတ်ကြီးကို အမြန်ဆုံးစတင်ရန် တိုက်တွန်းလိုက်သည်။ ယခုအချိန်သည် ပြင်သစ်နှင့် အမေရိကန် စစ်သဘောင်္များ မြန်မာနိုင်ငံနှင့် အနီဆုံးနေရာသို့ ရောက်ရှိနေချိန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် ပြည်တွင်း၌ ရောက်ရှိနေချိန်ဖြစ်၍ အထွေထွေသပိတ်ကြီးစတင်ရန် အခွင့်အခါကောင်း အခြေအနေကောင်း ဖြစ်ကြောင်း အသိပေးတိုက်တွန်းလိုက်သည်။
မြန်မာပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအနေဖြင့် နီးစပ်ရာ အပေါင်းအသင်းများကို စုဆောင်းထားရန်နှင့် အထွေထွေသပိတ်ကြီးကို စတင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်၊ မိမိတို့ အစုအဖွဲ့အလိုက် ကျစ်လစ်ခိုင်မာမှုရှိရန် တည်ဆောက်ထားရန်၊ သတိပေးတပ်လှန်လိုက်သည်။
မကြာမှီအချိန်တွင် ကျွန်ုပ်တို့၏ အထွေထွေ သပိတ်ဖြစ်မြောက်ရေး ကော်မတီမှ ၂၀၀၈ ခုနှစ် အထွေထွေသပိတ်ကြီး ကို စတင်ဆင်နွဲတော့မည်ဖြစ်ကြောင်း အသိပေး တပ်လှန့်လိုက်သည်။

ပြည်တွင် အထွေထွေသပိတ်ဖြစ်မြောက်ရေးကော်မတီမှ အရေးပေါ်ပေးပို့သောစာဖြစ်သည်။
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်မံ တိုးမြှင့်

ဆက်လက်ဖက်ရှုရန် ဒီနေရာသို့နိုပ်ပါ

အပြည့်အစုံဖတ်ရန်...

မြန်မာပြည် ဖွဲ့စည်းပုံဆိုင်ရာ ရက်စွဲများ (၁၉၄၇ -၂ဝဝ၈)

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 15 2008 16:45 - မြန်မာစံတော်ချိန်


၁၉၄၇၊ ဖေဖော်ဝါရီ

မြန်မာပြည်၏ ပထမဆုံးနှင့်အကောင်းဆုံးဟု သတ်မှတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသည်။

၁၉၄၈၊ ဇန်နဝါရီ (၄)

ဗြိတိသျှလက်အောက်မှ လွတ်လပ်သော နိုင်ငံဖြစ်လာပြီးနောက် ၁၉၄၇ ဖွဲ့စည်းပုံ အသက်ဝင်လာသည်။



၁၉၇၄ မတ်လ

ဒုတိယမြောက် ဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းသော တော်လှန်ရေးကောင်စီလက်ထဲမှ အာဏာကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်သို့ လွှဲပေးသည်။

၁၉၈၈ စက်တင်ဘာ (၁၈)

(၈) လေးလုံး လူထုအုံကြွမှုကို ဖြိုခွင်းပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) သည် အာဏာအရပ်ရပ်ကို သိမ်းယူသည်။ ဒုတိယမြောက်ဖွဲ့စည်းပုံလည်း ပျက်ပြယ်သွားသည်။

၁၉၉ဝ မေလ (၂၇)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါလီမန် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာကို အနိုင်ရသည်။ ဦးခွန်ထွန်းဦး ခေါင်းဆောင်သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယလိုက်သည်။

၁၉၉ဝ ဇူလိုင် (၂၇)

နဝတ က အမိန့်အမှတ် (၁/၉ဝ)ကို ထုတ်ပြန်သည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံကို ရေးဆွဲရမည်ဟု ပြဌာန်းသည်။ (မှတ်ချက်။။ အဆိုပါဥပဒေသည် မည်သည့်အခါမှ အသက်မဝင်ခဲ့ပါ)

၁၉၉၂ အောက်တိုဘာ(၂)

နဝတက ၁၃/၉၂ အမိန့်ကို ထုတ်ပြန်သည်။ အမျိုးသားညီလာခံကို ကျင်းပမည်ဟုဆိုကာ ညီလာခံဦးတည်ချက် (၆) ချက်ကို ပြဌာန်းသည်။ ယင်းတို့အနက် ဦးတည်ချက် (၆) သည် နိုင်ငံတော်၏ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုတွင် တပ်မတော်က ဦးဆောင်ရေးဟု ပါဝင်သည်။ ( မှတ်ချက်။ ။ အဆိုပါဦးတည်ချက် အမှတ် (၆) သည် အငြင်းအပွားရဆုံးအချက်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောမတူမှုများရှိခဲ့သော စစ်အစိုးရက ဘယ်သောအခါမှ မစွန့်လွှတ်ခဲ့ပါ)

၁၉၉၃ ဇန်နဝါရီ (၉)

အမျိုးသားညီလာခံ၏ ပထမဆုံးအပိုင်း စတင်သည်။ ကိုယ်စားလှယ် ၇ဝ၂ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၉ဝ (၁၅ ရာခိုင်နှုန်း) သာ ပါဝင်ပြီး ကျန်အများစုက စစ်အုပ်စုက သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များကို စေလွှတ်တက်ရောက်စေခဲ့သည်။ ညီလာခံစပြီး ၂ ရက်အကြာတွင် ညီလာခံ၏ လုပ်ထုံးလုပ်နည်းများအပေါ် မကျေနပ်မှုများ ကျယ်ပြန့်လာသဖြင့် ခေတ္တနားလိုက်ရသည်။

၁၉၉၃ ဧပြီ (၇)

ညီလာခံကိုယ်စားလှယ်များအနက် တိုင်းရင်းသားကိုယ်စားလှယ်များက ဗဟိုဦးစီးစနစ်ကို ဆန့်ကျင်ကန့်ကွက်သဖြင့် ရပ်ဆိုင်းလိုက်ရပြန်သည်။

၁၉၉၃ ဇွန် (၇)

ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်က ဖွဲ့စည်းပုံတွင် တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှုကို ထည့်သွင်းရမည်ဟူသော အဖွင့်မိန့်ခွန်းဖြင့် ညီလာခံ ပြန်စသည်။

၁၉၉၃ သြဂုတ် (၄)

ညီလာခံကိုယ်စားလှယ် အန်အယ်ဒီမှ ဒေါက်တာအောင်ခင်ဆင့်သည် ညီလာခံကို ဝေဖန်သော စာဖြန့်ဝေသဖြင့် အဖမ်းခံရသည်။

၁၉၉၃ စက်တင်ဘာ (၁၆)

တိုင်းရင်းသားများက ဖက်ဒရယ်စနစ်ကို တင်ပြလာသဖြင့် ညီလာခံ တစခန်းရပ်သည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် အခြေခံမူ ၁ဝ၄ ချက်ကို ချမှတ်နိုင်ပြီဟု ဆိုသည်။

၁၉၉၃ အောက်တိုဘာ (၁၅)

လှုပ်ရှားတက်ကြွသူ ၁၂ ဦးသည် ညီလာခံကို ဝေဖန်သဖြင့် ဖမ်းဆီးခံရသည်။ အမျိုးသားညီလာခံကို ဆက်လက်ကျင်းပနေသည်။

၁၉၉၅ ဇူလိုင် (၁ဝ)

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးသည်။

၁၉၉၅ နိုဝင်ဘာ (၂၈)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ညီလာခံလုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန် အဆိုပြုသည်။ ညီလာခံအတွင်း လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခွင့် တောင်းဆိုရာ အာဏာပိုင်များက လက်မခံသဖြင့် အဖွဲ့ချုပ်ကိုယ်စားလှယ် ၈၆ ဦးစလုံး ညီလာခံကို သပိတ်မှောက်သည်၊

၁၉၉၅ နိုဝင်ဘာ (၂၉)

အန်အယ်ဒီကို ညီလာခံမှ ထုတ်ပစ်လိုက်သည်။

၁၉၉၅ ဒီဇင်ဘာ (၂၃)

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပြုချက်ဖြစ်သော အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်ဆိုသော အဆိုကို အာဏာပိုင်များက ပယ်ချသည်။

၁၉၉၆ မတ်လ (၃၁)

ညီလာခံကို ဆိုင်းငံ့ထားလိုက်သည်။ ၁၉၉၄မှ ၁၉၉၆ ညီလာခံအတွင်း ဖွဲ့စည်းပုံ၏ အရေးကြီးသော အစိတ်အပိုင်း တော်တော်များများကို ရေးဆွဲပြီးစီးခဲ့သည်ဟု ယုံကြည်ရသည်။

၁၉၉၆ ဇူလိုင် (၇)

ညီလာခံကို ကာကွယ်သည့်ဥပဒေ (၅၊၉၆)ကို ထုတ်ပြန်သည်။ ညီလာခံကို ဝေဖန်လျှင်၊ နှောင့်ယှက်လျှင် ထောင်ဒဏ် နှစ် (၂ဝ) ကျခံရမည်ဟူသော အမိန့်ဖြစ်သည်။

၂ဝဝ၃ မေလ၃ဝ ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည်ခရီးစဉ်အတွင်းဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကို စစ်အစိုးရထောက်ခံသော ကြံ့ဖွံ့များက ဖန်တီးသည်။ အန္တရာယ်မှ လွတ်မြောက်သော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားလိုက်သည်။

၂ဝဝ၃ သြဂုတ် (၃ဝ)

ဗိုလ်ချုပ်ခင်ညွန့်သည် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီး သူ၏ ပထမဆုံးသော တိုင်းပြည်သို့မိန့်ခွန်းတွင် လမ်းပြမြေပုံ (၇) ချက်ကို မိတ်ဆက်ပေးသည်။ အဆင့် (၁)မှာ အမျိုးသားညီလာခံကို ပြန်စရေးဖြစ်ပြီး နောက်ဆုံးအဆင့်မှာ အရပ်သားအစိုးရသို့ အာဏာအပ်နှင်းရေး ဖြစ်သည်။

၂ဝဝ၄ မေ (၁၇)-ဇူလိုင် (၉)

ညီလာခံကို ကိုယ်စားလှယ် ၁ဝ၈၁ ဦးဖြင့် ပြန်စသည်။ အန်အယ်လ်ဒီကိုယ်စားလှယ်များ မပါဝင်တော့ပါ။ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၃ ဦးသာ တက်ရောက်သည်၊

၂ဝဝ၄ အောက်တိုဘာ ၁၉ ဗိုလ်ချုပ်ခင်ညွန့်ကို အမိန့်မနာခံမှု၊ လာဘ်စားမှုဖြင့် ဖမ်းဆီးလိုက်သည်။ သူ၏နောက်လိုက် တထောင်ကျော်ကိုလည်း လာဘ်စားမှုဖြင့် စွဲချက်တင်ဖမ်းဆီး ထောင်ချသည်။

၂ဝဝ၅ ဖေဖော်ဝါရီ (၁၇) - မတ် (၃၁)

ညီလာခံကို ကိုယ်စားလှယ် ၁ဝ၇၅ ဖြင့် ပြန်လည်ကျင်းပသည်။ ဤအပိုင်း ကျင်းပနေစဉ်အတွင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းကို ဖမ်းဆီးလိုက်သဖြင့် သူ၏အဖွဲ့မှ ကိုယ်စားလှယ်များအားလုံး ညီလာခံကို ကျောခိုင်သွားကြသည်။

၂ဝဝ၅ ဒီဇင်ဘာ (၅) - (၂၉)

ညီလာခံ စတုတ္ထပိုင်းကို ကျင်းပသည်။

၂ဝဝ၇ ဇူလိုင် (၁၈) - စက်တင်ဘာ (၃)

နောက်ဆုံးအပိုင်းကို ကျင်းပသည်။

၂ဝဝ၇ အောက်တိုဘာ (၁၈)

ဦးအောင်တိုး ဦးဆောင်သော မူကြမ်းအချောသတ်ရေး ကော်မတီကို ဖွဲ့စည်းသည်။

၂ဝဝ၈ ဖေဖော်ဝါရီ (၉)

မေလဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအစီအစဉ်ကို တရားဝင်ကြေညာသည်။

၂ဝဝ၈ ဖေဖော်ဝါရီ (၁၉)

ဖွဲ့စည်းပုံအချောသတ်ရေး ကော်မတီက အချောပြီးကြောင်း ကြေညာသည်။

၂ဝဝ၈ မေ (၁ဝ)

အနည်းဆုံး လူတသိန်းကျော် မေ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခတ်သော နာဂစ်လေမုန်တိုင်းကြောင့် သေဆုံးခဲ့ပြီး မကြုံစဖူး ကြီးမားလှသော အပျက်အစီးဒဏ် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော်လည်း ၄၇ မြို့နယ်မှအပ နိုင်ငံတဝှမ်းလုံးတွင် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို စစ်အစိုးရက ကျင်းပခဲ့သည်။

၂ဝဝ၈ မေ (၁၅)

ပြုလုပ်ခဲ့ပြီးသော ဆန္ဒခံယူမှုများ၏ ရလာဒ်တွင် အခြေခံဥပဒေမူကြမ်းကို မဲပေးပိုင်ခွင့်ရှိသူ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံမဲပေး အတည်ပြု လိုက်ကြောင်း ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဦးအောင်တိုးက နိုင်ငံပိုင် ရေဒီယိုမှတဆင့် ကြေငြာသွားသည်။ ကျန်ရှိနေသော မုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသော ဧရာဝတီတိုင်းနှင့် ရန်ကုန် တိုင်းအတွင်းရှိ ၄၇ မြို့နယ်ကိုလည်း သတ်မှတ်ထားသည့်အတိုင်း မေ ၂၄ ရက်နေ့တွင် ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟုလည်း ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒခံယူပွဲရလာဒ်ကို တရားမဝင်ဆိုကာ ယတိပြတ် ပယ်ချလိုက်သည်။

အပြည့်အစုံဖတ်ရန်...

အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 22 2008 16:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ စစ်အစိုးရသည် အတိုက်အခံ အင်အားစုကို ကစဥ့်ကလျားဖြစ်အောင် ကြိုးစားသည့် အနေနှင့် တိုင်းပြည်၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ခေါင်းဆောင် ၁၃ ဦးကို ယနေ့ ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်သည်ဟု အကြီးတန်း ပါတီဝင်တဦးက ပြောဆိုလိုက်ပါသည်။

အဆိုပါ အရေးပါသည့် ဒီချုပ်လူငယ် ခေါင်းဆောင်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ရန်ကုန် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့က ကြာသပတေးနေ့ နံနက်စောစောတွင် ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ် အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သော ဦးအောင်သိန်းက မဇ္ဈိမကို ပြောကြားသွားပါသည်။


ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သူတို့ နေအိမ်သို့ လာရောက်၍ မဥမ္မာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုလိုက်ပါသည်။

“သူတို့ပြောတော့ ပြောစရာရှိလို့ပါ ဆိုပြီးခေါ်သွားတာဘဲ။ ဖမ်းတာ မဟုတ်ပါဘူးလို့တော့ ပြောတယ်၊ ဒါပေမဲ့ ခုထိပြန် မလာသေးဘူး” ဟု မဥမ္မာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောဆို သွားပါသည်။

အဆိုပါ ရဲအရာရှိများ စီးလာသည့် ဟိုင်းလပ်ကားပေါ်တွင် အခြား ဒီချုပ်လူငယ် ခေါင်းဆောင်များ ဖြစ်ကြသော မပပ၊ မချို၊ ကိုလေးလွင် တို့ကို တွေ့လိုက်ရသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ မိသားစုဝင်က ပြောသွားပါသည်။

ထွန်းဇော်ဇော်၊ ခင်ထွန်း၊ ဥမ္မာ၊ မပပ၊ မချို နှင့် ကိုပေါက်တို့ အပါအဝင် ဒီချုပ် လူငယ်ခေါင်းဆောင်များသည် ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တက်တက်ကြွကြွ ရှေ့ဆောင်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ယခုအခါ ဒေးဒရဲမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ဘို့ စီစဉ်နေကြဆဲ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်ဟု မဥမ္မာ၏ မိသားစုဝင်တဦးက ပြောသွားခဲ့ပါသည်။

“ကျနော်တို့ အရမ်းဘဲ စိုးရိမ်တာပါဘဲ၊ သူ့အမေဆိုရင် စားတောင် မစားနိုင်ဘူး” ဟု မဥမ္မာ၏ မိသားစုဝင်က ဆက်လက် ပြောဆိုသွားပါသည်။

ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မပပ၊ မချို နှင့်ကိုပေါက်တို့အပါအဝင် ဒီချုပ်လူငယ် ခေါင်းဆောင်များသည် မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ စစ်အစိုးရ၏ မသမာမှုများကို ဖေါ်ထုတ် ဖွင့်ချရန်လည်း တက်တက်ကြွကြွ လုပ်ဆောင်နေကြသူများ ဖြစ်သည်။

ဒီချုပ် လူငယ်ခေါင်းဆောင်များကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ယနေ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်နှင့် ဆက်စပ်နေဘွယ် ရှိသည်ဟု ဦးအောင်သိန်းက ပြောပါသည်။

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အမြင့်ဆုံး ခေါင်းဆောင်ကြီးသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေးအတွက် မြန်မာစစ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းရန် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီလူတွေက ဒီချုပ်ရဲ့ အဓိက လူငယ် ခေါင်းဆောင်တွေဗျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ဘယ်လို လိမ်လည်ရယူသွားတယ် ဆိုတာ ဖေါ်ထုတ်ဘို့ လျှို့ဝှက် လုပ်ဆောင်နေကြသူတွေလဲ ဖြစ်ပါတယ်” ဟု ဒီချုပ် လူငယ်တဦးက ပြောဆို သွားပါသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာ မေလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းပုံ ဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်နေ့ အထိ စစ်အစိုးရက ရွှေ့ဆိုင်းထားခဲ့သည်။

အပြည့်အစုံဖတ်ရန်...

အဖွဲ့ချုပ်ဝင်များ အဖမ်းခံရ

အေးလဲ့ | မေ ၂၂၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၁ ဦး ကို ယနေ့နံနက် အစောပိုင်းတွင် စစ်အစိုးရ အာဏာပိုင် များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

၎င်း ၁၁ဦး ဖမ်းဆီးခံရသည်ကို အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အတည်ပြုပြောဆိုသည်။

“ဖမ်းတာက တော့ ဟုတ်ပါတယ်၊ ဘာအတွက် ဖမ်းတယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီး ထိန်းသိမ်း ခံရသူများမှာ ကိုကျော်ကျော်မိုး(ကြည့်မြင်တိုင်)၊ ကိုအောင်သိမ်း (ကြည့်မြင်တိုင်) ၊ မထက်ထက်ဦးဝေ (လှော်ကား)၊ စမ်းချောင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေ၊ ဒေါ်ရှမ်းမ(ရွှေပြည်သာ)၊ မချို (တောင်ဒဂုံ)၊ ကိုလေးလွင် (တောင်ဒဂုံ)၊ မဥမ္မာ (တောင်ဒဂုံ)၊ မဝင်းပပ (မြောက်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင်)၊ ကိုခင်ထွန်း(ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်များမှ ခေါ်ဆောင် သွားကြောင်းသိရသည်။


ဦးသက်ဝေ ကို နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်တိုင်း စမ်းချောင်းရဲစခန်းမှ ရဲ အဖွဲ့ဝင်များနှင့် မယက၊ ရယက အဖွဲ့ဝင်များ က စုံစမ်းမေးမြန်းစရာရှိသည်ဟုဆိုပြီး နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစု နှင့် နီးစပ်သူ တဦး က ပြောသည်။

“မနက်လင်းတော့ သူ့အမျိုးသမီးက စမ်းချောင်းရဲစခန်းကို လိုက်သွားတော့ ကျောက်တံတားရုံးကိုပို့လိုက်တယ် ပြောတယ်၊ ကျောက်တံတား ရဲရုံးကို လိုက်တော့လည်း တိုင်းရဲရုံးမှာ မေးမြန်းစရာရှိလို့ မေးနေတယ် လို့ပြောတော့ သူ့ဇနီးလည်းပြန်လာ တယ်”ဟု ၎င်းက ပြောပြသည်။

ဧရာဝတီမှ စန်းချောင်းမြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ရန်ကုန်တိုင်း လူငယ် တာဝန်ခံ ကိုခင်ထွန်းကိုလည်း နံနက် ၃ နာရီခန့် တွင် အာဏာပိုင် များက မေးမြန်းစရာရှိ၍ ဟု ဆိုကာ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တဦးက ပြော သည်။

“မနက် ၃နာရီလောက်မှာ ရန်ကုန်တိုင်း ရဲ နဲ့ မယက၊ ရယက က လူကြီးတွေ ၆ ယောက် က ခေါ်သွားပါတယ်၊ နည်းနည်း မေးမြန်စရာရှိလို့ပါ၊ ပြီးရင်ပြန်ပို့ပေးပါမယ် လို့ပြောတယ်၊ ကျနော်တို့က အဝတ်အစား တခါတည်း ထည့်ပေးရမလား မေးတော့ ပြန်လာပို့မှာပါလို့ပဲ ပြောသွားတယ် ၊ ခေါ်သွားတဲ့နေရာ ကိုလည်း မပြောသွားပါဘူး”ဟု ယင်း မိသားစုဝင်က ပြောဆိုသည်။

မေလ ၂၀ ရက်ကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၇၁ ရပ်ကွက်တွင် လေဘေးဒုက္ခသည်များအား ခြုံစောင်များ မလောက်မင ပေးဝေမှုကို ဒုက္ခသည်များနှင့် ဒေသခံများက မကျေနပ်၍ ရပ်ကွက် ရာအိမ်မှူး အိမ်ကို ဝိုင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး အာဏာပိုင်များက အဆိုပါ တောင်ဒဂုံ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုလေးလွင်၊ မချိုနှင့် မဥမ္မာတို့က ဆူပူရန် လှုံ့ဆော်သည်ဟူသော သင်္ကာမကင်း စွပ်စွဲမှု ရှိကြောင်း တောင် ဒဂုံ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောဆိုသည်။
ယင်း လေဘေးဒုက္ခသည်များကို ပေးဝေရန်ရှိသည့် ခြုံစောင်အရေအတွက် ၇၀၀ ကို ရပ်ကွက် ရာအိမ်မှုး ဆန်းမောင် ဆိုသူက ၂၅၀ ခန့်သာ ပေးဝေသောကြောင့် မရရှိသူ ဒုက္ခသည်အမျိုးသမီး တဦးက ပြောဆိုရာ ရာအိမ်မှူးက ကြမ်းတမ်းစွာ ပြန်လည်ပြုမှု ဆက်ဆံရာမှ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

“မသင်းသင်းယု ဆိုတဲ့ အမျိုးသမီးတဦးက စောင် သူ့အတွက်မရသေးတော့ ရာအိမ်မှုး အိမ်ကို သွားတောင်းတယ်၊ မရှိတော့ ဘူးလို့ပြောတယ်၊ ဒီတော့ အမျိုးသမီးက တိုင်မယ်တန်းမယ်ပြောတော့ ရာအိမ်မှူးက အိမ်ပေါ်ကနေ ခြေထောက်နဲ့ကန်လိုက် တယ် ဒီတော့ အမျိုးသမီးက အိမ်ပေါ်ကနေ လိမ့်ကျသွားတယ်၊ နောက်ဆုံး ရပ်ကွက်က လူတွေက မကျေနပ်တော့ လူ ၃၀၀ လောက်က အိမ်ကိုဝိုင်းတော့ ယာယီမှုး ဆန်းမောင် က အိမ်ကထွက်ပြေးသွားတယ်” ဟု ဒေသခံတဦးက ပြောပြသည်။

ထိုရပ်ကွက်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ရာအိမ်မှူး ဆန်းမောင်ကိုမူ အာဏာပိုင်များက အရေးယူမည် ဟု ဆိုသည်။

အခင်းဖြစ်ပွားရာတွင် အန်အယ်လ်ဒီ လူငယ်အဖွဲ့မှ မချိုနှင့်ကိုလေးလွင်တို့ကလည်း ရှိနေသဖြင့် ဒုက္ခသည်များ ဆူပူမှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ လူငယ်အဖွဲ့က လှုံ့ဆော်ခြင်းဖြစ်သည်ဟု ဆိုကာ ထောက် လှမ်း ရေးများက ၎င်းတို့ကို လိုက်လံရှာဖွေနေခဲ့သည်ဟုလည်း သိရသည်။

မေလ၂၀ရက်နေ့တွင်ပင် တောင်ဥက္ကလာ ၇ ရပ်ကွက် သီရီဇေယျာ ၁၉လမ်းမှ ထွန်းထွန်းဦး ဆိုသူ လူငယ် တဦး အလုပ်သွား ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

စရဖ အဖွဲ့မှ ထွန်းထွန်းဦးကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က နေအိမ်တွင် လာရောက်စုံစမ်းမေးမြန်းသွားပြီးနောက် မေးမြန်းစရာရှိ၍ဟု ဆိုကာ စရဖ တပ်ကြပ်ကြီး တဦးက ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ထွန်းထွန်းဦးသည် သာမန် အရပ်သား တဦးဖြစ်သော်လည်း အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ပေါင်းသင်း ဆက်ဆံမှု ရှိသောကြောင့် နိုင်ငံရေးနှင့် မကင်းရှင်း၍ ဟူသောအကြောင်းပြချက်ဖြင့် ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူကပြောဆိုသည်။

အပြည့်အစုံဖတ်ရန်...

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည်

ဧရာဝတီ | မေ ၂၂၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မုန်တိုင်း ဒုက္ခသည်များ၏ အခြေအနေကို ကြည့်ရှု စစ်ဆေးကူညီရန် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ ရန်ကုန်လေဆိပ်၌ တွေ့ဆုံစဉ်

မစ္စတာ ဘန်ကီမွန်းသည် ၎င်း၏ ပထမဆုံးအကြိမ်ဖြစ်သည့် ယခုခရီးစဉ် အတွင်း မုန်တိုင်းဒဏ်ခံဒေသများကို ကြာသပတေး နေ့တွင် သွားရောက်ကြည့်ရှုရန်နှင့် နိုင်ငံတကာအကူအညီကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန်မျှော်လင့်ရသည်ဟု ယမန်နေ့ က ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။




ထို့အပြင် မြန်မာနိုင်ငံ လေဘေးအတွက် နိုင်ငံတကာ အကူအညီပေးရေး ညီလာခံတခုကိုလည်း တနင်္ဂနွေနေ့၌ ရန်ကုန်မြို့ တွင် ကျင်းပမည်ဖြစ် ကြောင်း မစ္စတာ ဘန်ကီမွန်းနှင့် အာဆီယံ ဥက္ကဌတို့က ပူးတွဲကြေညာ ချက်တစောင်ကို ထုတ်ပြန်သည် ဟုလည်း ဆိုသည်။

အဆိုပါ ပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံမှ လေဘေးဒုက္ခသည်များကို အကူအညီပေးရေးညီလာခံတွင် နိုင်ငံ တကာ အသိုင်း အဝန်းအနေနှင့် ဒုက္ခသည်များ ရေရှည်ပြန်လည်ထူထောင်ရေး ဦးတည်ချက်ဖြင့် လိုအပ်သောဘဏ္ဍာငွေ အထောက်အပံ့များ အမြန်ဆုံး ရှာဖွေရရှိရန်၊ ယခုအစီအစဉ်ကိုလည်း မြန်မာဒုက္ခသည်များ အပေါ် စာနာစိတ်ဖြင့် အခိုင်အမာဆုံးဖြတ်ကူညီကြရန် တိုက်တွန်းထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ယင်းမတိုင်မီ လွန်ခဲ့သည့် သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၂.၅ သန်းခန့်ရှိ ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ မြန်မာဒုက္ခသည်များ၏ ဘဝလုံခြုံရေးကို အလွန်စိုးရိမ်ပူပန်ရသည့်အတွက် ၎င်းတို့အား နိုင်ငံရေး မပါသော ကူညီမှု များပေးနိုင်ရန်ကြိုးပမ်းမည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

“အခု အချိန်ဟာ နိုင်ငံရေးကိုဦးစားပေးရမယ့် အချိန်မဟုတ်ပါဘူး၊ ဒုက္ခသည်တွေရဲ့ ဘဝလုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အချိန်ပါ၊ ဒါကြောင့် မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရကို ကျနော်တို့ အကူအညီပေးရမှာ ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (အန်အယ်လ်ဒီ-အယ်လ်အေ)၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ကိုညိုအုန်းမြင့်က မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေး ရန် အတွက်ဟု ဆိုသော်လည်း နိုင်ငံရေးကိစ္စ အဓိက ပါဝင်နိုင်ကြောင်း ပြောဆိုသည်။

“ယူအန်က မြန်မာပြည်အရေးမှာ အမြဲတမ်းနိုင်ငံရေးပြဿနာတွေကို ချဉ်းကပ်လေ့ရှိတာတွေ့ရပါတယ်၊ သူ့ရဲ့ လုပ်ဆောင် ချက်တွေ ဟာ နှေးတာတွေ နောက်ကျတာတွေ စတဲ့ အားနည်းချက်တွေ ရှိပေမယ့် သူ့ရဲ့အားသာချက်က နအဖကို လူသား ချင်းစာနာမှု အကူအညီတွေကို လက်ခံပါလို့ သွားပြောတဲ့ အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးရေးအနေအထားလို ကိစ္စတွေဟာ တဆက်တည်း ကျွဲကူး ရေပါ ဖြစ်လာနိုင်တယ်ဆိုတော့ ကျနော်တော့ အကောင်းဘက်က မြင်တယ်”ဟု ကိုညိုအုန်းမြင့်က ပြောသည်။

မစ္စတာ ဘန်ကီမွန်းနှင့် ၎င်း၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ငြင်းဆိုပါက နအဖ အစိုးရအနေနှင့် နိုင်ငံရေးအရ ဆုံးရှုံး နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

တချိန်တည်းတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ်နှင့် အဖွဲ့သည်လည်း တနင်္ဂနွေ နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိနေကြောင်း အစိုးရ မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

ထို့အပြင် မစ္စတာ ဂျွန်ဟုမ်းစ်နှင့်အဖွဲ့သည် ယနေ့တွင်လည်း ကုလသမဂ္ဂလူသားချင်း ဆိုင်နာမှု ဆိုင်ရာ ဌာနေ အဖွဲ့ဝင်များ နှင့်အတူ အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိကြောင်းနှင့် လပွတ္တာ မြို့အပါအဝင် မုန်တိုင်းဒဏ်ခံရသည့် မြစ်ဝကျွန်းပေါ်ဒေသ ၃ ခုသို့ သွားရောက်၍ မြန်မာ အစိုးရ အရာရှိများနှင့်ပူးပေါင်း ဆောင်ရွက်ရန်ရှိသည်ဟုလည်း သိရသည်။
မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံးတွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံးသူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်းဌာနများက ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်ရန်...

Wednesday, May 21, 2008

မြို့တွင်း ကန့်သတ်မိန့် ရန်ကုန်တွင် ထုတ်ပြန်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲ နီးလာချိန်တွင် ရန်ကုန်မြို့တွင် တားမြစ်အမိန့်တခု အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာ မြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်း မြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့် လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိသည်။


တားမြစ်ချက်ကို မလိုက်နာသူကို မည်သို့ အရေးယူမည်ကို ထည့်သွင်း ပြောဆိုထားခြင်း မရှိသော်လည်း ဘယ်အတွက်ကြောင့် တားမြစ်သည်ကို ရန်ကုန်မြို့သားများ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို ထူးဆန်းသော ကြေညာချက်ကို မကြားလိုက်မိသူများလည်း အများအပြား ရှိနေသည်။

မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် စစ်အစိုးရ စိတ်ကြိုက်ဖြစ်သော အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲများ မေ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

"မဲပေးမယ့် နေ့ကိုတောင် အပြင်မသွားရဘူးဆိုတော့ ပေါတောတော ဆန်တယ် ဆိုမလား" ဟု ကြေညာချက်ကို နားဆင်လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောကြားသည်။

မနက်ဖြန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည် သွားရောက်မည် ဖြစ်ပြီး ရဲပတ်တရောင်လှည့်မှုများ နေ့ရော ညပါ တိုးမြှင့် လုပ်နေချိန်လည်း ဖြစ်သည်။

အပြည့်အစုံဖတ်ရန်...

ူမန်မိာိုံင်ငံခရီးပေၞ ဘန်ကီမနြ်း ယုံကည်မရြိ

2008-05-21

ူမန်မိာိုံင်ငံကို ခရီးထက်ြခြာတော့မယ်ႛ ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် မင်္စတာ ဘန်ကီမနြ်းက သူသြားရောက်မယ်ႛ ခရီးစဉ်နဲႛပတ်သက်္ဘပီး ယုံကည်မရြိေုကာင်း မေလ ၂၀ရက် အဂႆၝေနႛက ရငြ်းလင်းေူပာုကားခဲႛပၝတယ်။


(Photo: AFP)


ထိုငိးိုံင်ငံ ဗန်ကောက်္ဘမြိႚသိုႛ မေလ ၂၁ရက်နေႛက ဆိုက်ရောက်လာသော ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် မင်္စတာ ဘန်ကီမနြ်း (ဝဲ)ိံငြ့် ထိုငိးိုံင်ငူံခားရေး ဝန်ဋ္ဌကီိးုံပ်ပၝဒနြ် ပတ္ဇမတိုႛ လေဆိပ်တငြ် သတင်းစာရငြ်းလင်းပြဲူပလြုပ်နေပုံဖစ်ပၝသည်။ (Photo: AFP)

ူမန်မိာိုံင်ငံရဲ့ မုန်တိုင်းသင်ႛအရပ်ဒေသတေရြဲ့ ရ၅ ရာခိုငိံနြ်းလောက်ဟာ ခုထိ ကယ်ဆယ်ထောက်ပံႛရေး အကူအညီတြေ မရရြိသေးတဲႛအတကြ် သူႛခရီးစဉ်အတငြ်းမြာူမန်မာစစ်အစိုးရ ထိပ်ပိုင်းခေၝင်းဆောင်တေနြဲႛ တြေႚဆုံ္ဘပီး အကူအညီတြေ ပိုမိုပေးအပ် လုပ်ဆောင်ဖိုႛအေုကာင်း တနြ်းအားပေးေူပာဆိုမြာူဖစ်တယ်လိုႛ မင်္စတာ ဘန်ကီမနြ်းကေူပာသြားပၝတယ်။

ဒီအခဵိန်ကာလဟာူမန်မာူပည်အတကြ် အလန်ြအရေးဋ္ဌကီးနေတဲႛ ကာလူဖစ်တယ်လိုႛလည်း သူကေူပာပၝတယ်။ အလုပ်လုပ်နေတဲႛ ကယ်ဆယ်ရေးအစီအစဉ် တခဵိႂႚရႀိေပမဲႛ ဒုက္ခသည် အရေအတကြ် စုစုပေၝင်းရဲ့ ၂၅ ရာခိုငိံနြ်းလောက်ဟာ ကယ်ဆယ်ရေး အထောက်အပံႛပင်္စည်းတြေ ရရြိုံင်နေသေးတဲႛ အတကြ် ကယ်ဆယ်ရေးပင်္စည်းတေအြတကြ် လုပ်ဆောင်ရဦးမြာူဖစ်တယ်လိုႛူမန်မာူပည်ကို မထက်ြခြာခင် လေဆိပ်မြာေူပာပၝတယ်။

ဆက်လက်္ဘပီး ကယ်ဆယ်ရေးလုပ်ငန်းတြေ အူမန်ဆုံးတိုးတက်လုပ်ဆောင်လိာိုံင်ဖိုႛ သူမြေဵာ်လင်ႛသလိုမန်မာစစ်အစိုးရရဲ့ လိုက္ေလဵာလာမႁတခဵိႂႚဴဖစ္တဲႛ အာဆီယံအဖြဲႚဝငိုံင်ငံတေကြ ကယ်ဆယ်ရေးဝန်ထမ်းတေကြို အထောက်အကူပင်္စည်းတြေူဖန်ႛူဖြးရေးတြေ စတင်လုပ်ခငြ်ႛပေးတာကို ႒ကိႂဆိုပၝတယ္လိုႛ ေဴပာဳကားခဲႛပၝတယ္။

သြားရေးလာရေးခက်ခဲလိုႛ ခုထိ ကယ်ဆယ်ထောက်ပံႛရေးတြေ မရောက်ရြိသေးတဲႛ ဒေသတေမြာ ကယ်ဆယ်ရေး လုပ်ဆောင်မယ်ႛ ကမႝာႛ စားနပ္ရိကၡာအဖၾဲႚ႒ကီးရဲ့ ရဟတ်ယာဉ် ၉ စီးကိုမန်မာစစ်အစိုးရက လာရောက်ခငြ်ႛူပြေုကာင်း သူကေူပာပၝတယ်။ အခုလို ရဟတ်ယာဉ်ကို ပေးဝင်ခငြ်ႛူပသြလိုံင်ငံတကာက ဝင်ရောက်ခဵင်တဲႛ ကယ်ဆယ်ရေးအဖြဲႚတေအြတကြ်ူပည်ဝင်ခငြ်ႛ ဗီဇာတေလြည်း မုကာခင်ထုတ်ပေးလိမ်ႛလိုႛ သူယုံကည်ေုကာင်း မင်္စတာဘန်ကီမနြ်းကေူပာုကားခဲႛပၝတယ်။

သူဟာ မေလ ၂၁ရက် ဗုဒ္ခဟူးနေႛညမြာ ဗန်ကောက်္ဘမြိႚကို ရောက်ရြိမြာူဖစ်္ဘပီး ဗန်ကောက်ကနေူမန်မိာိုံင်ငံကို ဆက်လက် ထက်ြခြာမြာူဖစ်ပၝတယ်။

ူမန်မိာိုံင်ငံအတငြ်း ၂ ရက်တာုကာမယ်ႛ ခရီးစဉ်မြာ မေလ ၂၂ရက်ုကာသပတေးမနက်မြာူမန်မိာိုံင်ငံရဲ့ မုန်တိုင်းသင်ႛရာ ဧရာဝတီူမစ်ဝကဋ္ဋန်းပေၞဒေသကို သြားရောက်ုကည့်႟မြာူဖစ်္ဘပီူးမန်မာစစ်အစိုးရခေၝင်းဆောင်တြေ၊ ကုလသမဂ္ဂဝန်ထမ်းတြေ၊ ကယ်ဆယ်ရေးနဲႛ အထောက်အပံႛ ဝန်ထမ်းတေကြို တြေႚဆုံမြာူဖစ်ပၝတယ်။

ဗိုလ္ခဵႂပ္မႀႃး႒ကီး သန္းေ႟ၿနဲႛ စစ္အစိုးရ ထိပ်တန်းအရာရြိတေနြဲႛလည်း ေတၾႚဆံုဖိုႛ ေမႀဵာ္လင္ႛပၝတယ္လိုႛ ဆိုပၝတယ္။

ႎိုင္ငံတကာ ကယ္ဆယ္ေထာက္ပံႛေရးအဖၾဲႚေတၾ၊ ဝန်ထမ်းတေကြို�ူမန်မိာိုံင်ငံအတငြ်း ဝင်ခငြ်ႛပေးဖိုႛ ကိင်္စနဲႛပတ်သက်္ဘပီး မင်္စတာဘန်ကီမနြ်းဟာ ဗိုလ္ခဵႂပ္မႀႃး႒ကီးသန္းေ႟ၿဆီကို စကားေဴပာဖိုႛဆက္သၾယ္တာ၊ စာအတန်တန်ရေးတာတေကြို ဗိုလ္ခဵႂပ္မႀႃး႒ကီးသန္းေ႟ၿက လက်ခူံပန်ုကာူးခင်း မရႀိခဲႛပၝဘူး။

ူမန်မိာိုံင်ငံမြာ ကဵင်းပမယ်ႛ လူထုဆိံ္ဋခံယူပြဲူပလြုပ်မယ်ႛ စနေနေႛမတိုင်ခင် မေလ ၂၃ရက် သောုကာနေႛညမြာတောႛ မင်္စတာဘန်ကီမနြ်းဟာ ထိုငိးိုံင်ငံ ဗန်ကောက်္ဘမြိႚကို သြားရောက်မြာူဖစ်ပၝတယ်။

ဗန်ကောက်မြာ ထိုင်းဝန်ဋ္ဌကီးခဵပ်ြနဲႛ ထိုငိးိုံင်ငူံခားရေးဝန်ဋ္ဌကီးတိုႛနဲႛ တြေႚဆုံကာူမန်မိာိုံင်ငံအတငြ်း ကယ်ဆယ်ရေး လုပ်ငန်းတေနြဲႛပတ်သက်္ဘပီး ဆြေးြေိံုးကမြာူဖစ်ပၝတယ်။

မေလ ၂၅ရက် တနဂဿေိံနြေႛမြာတောႛူမန်မိာိုံင်ငံကိုပန်လ္ဘာပီး ရန်ကုန်မြာူပလြုပ်မယ်ႛူမန်မိာိုံင်ငံအတငြ်ူးပန်လည် ထူထောင်ရေးလုပ်ငန်းတေအြတကြ် လိုအပ်မယ်ႛ ဘ္ပာရေးဆိုင်ရာ ကုလသမဂၢနဲႛ အာဆီယံအဖၾဲႚတိုႛရဲ့ ပူပေၝင်းမအြစည်းအဝေးမြာ တြဲဖက်ဥက္ကှူအူဖစ် ဆောင်႟က်ြမြာူဖစ်ပၝတယ်။

၂၀၀၄ ခုႎႀစ္ကတိုက္ခတ္ခဲႛတဲႛ ဆုနာမိတုန်းကထက်ူမန်မိာိုံင်ငံက ပိုမိုဆိုး႟ၾားထိခိုက္ခဲႛရတဲႛအတၾက္ စီးပြားရေးမြာလည်း အဆေပၝင္းမဵားစၾာနဲႛ အခဵိန္ေတာ္ေတာ္မဵားမဵား ကဵဆင္းထိခိုက္လိမ္ႛမယ္လိုႛ သတိေပးခဲႛပၝတယ္။

ဴမန္မာႛသမိုင္းမႀာ တခၝမႀမဳကံႂစဖူး ဴဖစ္ေပၞခဲႛတဲႛ အခုလိုဆိုး႟ၾားလႀတဲႛအဴဖစ္ကို ဳကံႂေတၾႚခံစားေနရတဲႛ ဴမန္မာဴပည္သူဴပည္သားေတၾနဲႛ အစိုးရအတၾက္ က႟ုဏာသက္မႁကို အရင်ဖော်ူပခဵင်ပၝတယ်။ ဒီအူပင် သူကိုယ်တိုင် အောက်ေူခထိ သြားရောက်ုကည့်႟မြာပၝလိုႛ မင်္စတာဘန်ကီမနြ်းက သတင်းထောက်တေကြိုေူပာပၝတယ်။

အာဆီယံအဖၾဲႚနဲႛ ကုလသမဂၢတိုႛဳကားမႀာူမန်မိာိုံင်ငံအတကြ် လူသားခဵင်းစာနာမဆြိုင်ရာ အထောက်အကူလုပ်ငန်းတေကြို ပူးပေၝင်းလုပ်ဆောင်ဖိုႛ ညၟိံငြ်းရေးမြးတဦးကို တာဝန်ပေး လုပ်ဆောင်စေမြာူဖစ်္ဘပီး၊ူမန်မိာိုံင်ငံသိုံင်ငံသားတေအြတကြ် အစမြ်းကုန် သူတတိုံင်သလောက် လုပ်ပေးမြာူဖစ်တယ်လိုႛလည်းေူပာသြားပၝတယ်

အပြည့်အစုံဖတ်ရန်...

လေဘေးဒုက္ခသည်မဵားတင်လာသော သဘေဿာ လေးစီး လေူပင်းမိ နစ်ူမပြ်

2008-05-20

မေလ (၁၉)ရက် တနလဿာနေႛ ညနေ (၄) နာရီလောက်က ဘိုကလေး္ဘမြိႚမြာ မိုးသက်လေူပင်း ထပ်္ဘပီး ကဵရောက်ခဲ့တဲ့အတကြ်ေ႟ြႚေူပာင်းဒုက္ခသည်တြေ တင်ဆောင်လာတဲ့ သဘေဿာ လေးစင်း နစ်ူမပ်ြသြားခဲ့ ပၝတယ်။ ဘိုကလေး္ဘမြိႚနယ်္ဘဗြံးမြေးကဋ္ဋန်းနားမြာ တစင်း၊ ကန်တရာဆိပ်နားမြိာံစ်ြစင်း၊ ကိုင်းတောဝ ႟ြာနားမြာ တစင်း၊ စုစုပေၝင်း လေးစင်း နစ်ူမပ်ြသြားခဲ့တာပၝ။

AFP

မေလ ၁၁ ရက်နေႚက ဧရာဝတီတိုင်း၊ ဘိုကလေး္ဘမြိႚနယ် ဘောလုံးကငြ်းတငြ်ုကက်ေူခနီအဖြဲႚမြ ဝေငသြော ကယ်ဆယ်ရေးပင်္စည်းမဵားကို လက်ခံရန် စောင့်ဆိုင်းနေသော လေဘေးဒုက္ခသည်မဵားကို တြေႚရပုံဖစ်ပၝသည်။

(Photo: AFP)


သဘေဿာတစင်းမြာ အနည်းဆုံး လူ သုံးရာလောက်နဲႛ ဆန်အိတ်တြေ ပၝတယ္လိုႛသိရပၝတယ္။္ဘဗြံးမြေးကဋ္ဋန်းနားမြာ နစ်ူမပ်ြခဲ့တဲ့ သဘေဿာပေၞမြာုကက်ေူခနီိံစ်ြယောက် အပၝအဝင် ဋ္ဌကိမ်လုံးဋ္ဌကီး ကေဵး႟ြာက ဒုက္ခသည်တြေ အေတာ္မဵားမဵား ပၝတယ္လိုႛ ဆိုပၝတယ္။ လူအသေအပေဵာက် စာရင်းအတိအကဵ မရရြိသေးပေမဲ့ လူအေတာ္မဵားမဵား ေသဆံုးဖၾယ္ရႀိတယ္လိုႛ ခန်ႛမနြ်ုးကပၝတယ်။ အဲဒီဒုက္ခသည်တေဟြာ ဘိုကလေး္ဘမြိႚကို လာရောက်ခိုလံခြဲု့ကတဲ့ မုန်တိုင်းဘေးဒုက္ခသည်တြေူဖစ်္ဘပီး အာဏာပိုင်တေကြ ငေပြေး္ဘပီူးပန်လတ်ြတဲ့အတကြ်ူပန်လာုကတုန်းမြာ အခုလို မုန်တိုင်းမိခဲု့ကတာူဖစ်တယ်လိုႛ ဒေသခံတယောက်ကေူပာပၝတယ်။

ဒေသခံ။ ။ “အဲဒီခရီးသည်တြေ အကုန်လုံးက အဲဒီ ဘိုကေလး႓မိႂႚေပၞကေန႓ပီးေတာ့ ႟ၾာကေန ဒုကၡေရာက္လိုႛ ထၾက္လာတဲ့ ခရီးသည္ေတၾေလ။ သူတိုႛေတၾကို တအိမ်ထောင်ကို ငြေိံစ်ြသောင်းနဲႛ ဆန် ၈ူပည်ပေး္ဘပီးတော့ စစ်တပ်က သူတိုႛကို ႟ြာတေကြိုပန်ခိုင်းတာ။ူပန်ခိုင်းတော့မြ မနေႛက ဘိုကလေးမြာ မုန်တိုင်းမ္ဘိပီးတော့ အဲဒၝ သဘေဿာတြေ နစ်္ဘပီးတော့ သေကုန်တာ။ ”

ဘိုကေလး႓မိႂႚေပၞက စာသင်ကေဵာင်းတြေ၊ ဘုန်းဋ္ဌကီးကေဵာင်းတြေ မြာ ခိုလံနြေုကတဲ့ ဒုက္ခသည်တေကြို မေလ ၁၉ရက် တနလဿာနေႛက စ္ဘပီး အာဏာပိုင်တေကြ နေရပ်ကို အဓမ္ထူပန်ခိုင်း္ဘပီး ဖယ်ရြား ရငြ်းလင်းခဲ့တယ်လိုႛ ဆိုပၝတယ်။ အဲဒီလိုပန်ခိုင်းတာဟာ မေလ ၂၄ ရက်နေႛ ထောက်ခံမဲထည့်ခိုင်းဖိုႛအတက်ြလိုႛ ယူဆုကသလို၊ ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် လာရောက်ုကည့်႟မြာမိုႛ ဋ္ဌကိတြင်ရငြ်းလင်း ထားတာလိုႛူမင်သူတေလြည်းရြိပၝတယ်။

ဒေသခံ။ ။ “ကဋ္ဋန်မသိတာတော့ ၂၄ရက်နေႛအတကြ် မဟုတ်ဖူး။ ဘန္ကီမၾန္းလာမယ္ဆိုလိုႛ သူက ႎိုင္ငံတကာကို ဒီလို ႓မိႂႚေပၞေတၾမႀာ ဒုကၡသည္ေတၾ မရႀိေတာ့ဘူးလိုႛ သူက ဴပခဵင္လိုႛူပန်ခိုင်းတာ။ ၂၄ရက် ကိစၤနဲႛ ပတ္သက္မယ္လိုႛေတာ့ က႗န္မ မထင္ဘူး။”

ဘိုကေလး႓မိႂႚမႀာ ဒုက္ခသည်တြေ ရြိနေတုန်းပဲူဖစ်္ဘပီး အေူခအနေတေဟြာ အရင်ကထက် ပိုမို ဆိုး႟ၾား လာတယ္လိုႛ ဆိုပၝတယ္။

ဒေသခံ။ ။ “ဘိုကေလး႓မိႂႚ အေဴခအေနကေတာ့ ဒုကၡသည္ေတၾကေတာ့ ဘိုကေလး႓မိႂႚေပၞမႀာ အမဵား႒ကီး ရြိနေတယ်။ သူတိုႛ အဓိက လိုအပ်နေတာက မိုးကာဖဵင်တြေ၊္ဘပီးတော့ ဆန်၊္ဘပီးတော့ ႟ြာဖက်ကလူတေကြတော့ ဆန်ရော၊ ဆားရော၊ အဝတ်အစားရော၊ အမဵားဋ္ဌကီး လိုအပ်နေတယ်။ သူတိုႛဆီကို ဘာအကူအညီမႀ ခုခဵိန္ထိ၊ ထိထိရောက်ရောက် ရောက်မလာသေးဘူးရငြ့်။ူပည်တငြ်းအကူအညီကို ပုဂ္ဂလိကဆီကလြဲရင် ဘာတခုမြ မရဘူး။ ပုဂ္ဂလိက အလရြင်ြကလည်း လတ်ြလပ်စြာ လဒြၝန်းခငြ့် မရြိဘူး။ အေူခအနေက အရင်တုန်းကနဲႛစာရင် ပိုဆိုးဝၝးတယ္လိုႛ ေဴပာလိုႛရတယ္။ အရင်တုန်းကနဲႛစာရင်၊ူဖစ်ူဖစ်ခဵင်းနဲႛ စာရင် ပိုပ္ဘိုပီးတော့ သေနေုကတယ်လေ။ ဝမ်းရောဂၝေုကာင့်ရယ်၊ ရေမသန်ႛတာေုကာင့်ရယ်။ အမဵိႂးမဵိႂးေဳကာင့္ေပၝ့ေနာ။”

အခုဆိုရင် ဧရာဝတီူမစ်ဝကဋ္ဋန်းပေၞဒေသမြာ စစ်ဆေးရေးဂိတ်တြေ ပိုမိုမဵာူးပားလာန္ဘေပီး စေတနာ့ ဝန်ထမ်းအလရြင်ြတေမြာလည်း ဒုက္ခသည်တေကြို ဝင်ရောက် လဒြၝန်းခငြ့်ရဖိုႛ မလယ်ြကူပဲူဖစ်နေ ပၝတယ်။ ကူညီရေးအဖြဲႚဝင်တယောက်ကတော့ ဒုက္ခသည်တေကြို လာရောက် လဒြၝန်းရတာဟာ ထောင်ဝင်စာတြေႚရတာနဲႛ တူတူလာနေတယ်လိုႛ ဒေသခံတေကြေူပာပၝတယ်။

အပြည့်အစုံဖတ်ရန်...

Tuesday, May 20, 2008

Cyclone aftermath in Myanmar - 05 May 2008

အပြည့်အစုံဖတ်ရန်...

Monday, May 19, 2008

Real cries that Myanmar juntas don't want you to see (DVB)

အပြည့်အစုံဖတ်ရန်...

Sunday, May 18, 2008

ပြည်သူများသို့ အရေးပေါ်ကြေညာချက် pdf ဖိုင်

ပြည်သူများသို့ အရေးပေါ် ကြေညာချက်ဖိုင်းအား ဤနေရာမှ ဒေါင်းလုပ်ရယူ၍ အီမေးဖြင့် ပေးပို့ခြင်းဖြင့် ပြည်သူအသက်ကို ကာကွယ်ပါ
ဒေါင်းလုပ်ရယူရန် ဒီနေရာသို့နိုပ်ပါ

အပြည့်အစုံဖတ်ရန်...

Saturday, May 17, 2008

ပေးတော့ပေးတယ် သွားရင်ကုန်ပြီ

ရန်ကုန်တွင် စားသောက်ကုန်များ ဈေးတက်နေသော်လည်း ပုံမှန်ဈေးသာ အစိုးရဘက်မှ ရောင်းချနေသော်လည်း သွားရောက် ၀ယ်ယူတိုင်း ကုန်နေသည်နှင့်သာ ကြုံနေရကြောင်း အိမ်ရှင်မများက မကျေမနပ် ပြောကြသည်။

ကြက်ဥတလုံး ၁၂၀ ကျပ်၊ ဆန်တပြည် ၇၀၀၊ ဆီ တဆယ်သား ၂၅၀ ဖြင့် ရောင်းချနေသည်ဟု ကြားနေရသော်လည်း အချိန်တို ခဏလေးသာ ရောင်းချနေပြီး တန်းစီ ၀ယ်ယူနေရကာ တဦးလျှင် အကန့်အသတ်ဖြင့် ရောင်းချနေသည့်တိုင် မကြာခင်တွင် ကုန်သွားလေ့ ရှိကြောင်းနှင့် သတင်းအတွက် ဓာတ်ပုံရိုက်ပြီးလျှင် ဆက်လက် ရောင်းချလေ့ မရှိတော့ကြောင်း သိရသည်။

ဥပမာ- မဟာဗန္ဓုလလမ်းတွင် ရောင်းချသည် ဆိုပါက အနီးအနားမှ လူ ၂၀-၃၀ ခန့် ရောင်းပြီးပါက ဓာတ်ပုံရိုက်ပြီး ဆက်လက်ရောင်းချခြင်း မရှိတော့ကြောင်းနှင့် ရပ်ကွက်များတွင်လည်း သက်ဆိုင်ရာ ရပ်ကွက်ရုံး အနီးတ၀ိုက်ရှိ အိမ်အချို့ကိုသာ ရောင်းချပြီး ဆက်လက်ရောင်းချခြင်းမပြုကြောင်း ရက်ကွက် တော်တော်များများမှ အိမ်ရှင်မများက တခဲနက် ပြောဆိုနေကြသည်။
< Prev

အပြည့်အစုံဖတ်ရန်...

Friday, May 16, 2008

မြန်မာပြည်သို့ အခမဲ့ခေါ်လိုလျှင်

မြန်မာနှင့် တရုတ်နိုင်ငံသို့ အခမဲ့ဖုန်ခေါ်နိုင်ပြီဖြစ်သည်။ ဒီလင့်ကလေးကို ကျနော်ရဲ့ ဘလော့ချစ်သူများ အသိနောက် မကျစေရန်အတွက် ရည်ရွယ်တင်ပြလိုက်ပါတယ်။ ဒီနေရာကလေကို နိုပ်ပြီ အကောင့်ရယူနိုင်ပါတယ်။ ဘလော့ချစ်သူအားလုံး ဘ၀အမောတွေပြေပြီး ရည်မှန်းချက် ပန်းတိုင်ကို အမြန်ဆုံးလှမ်းကိုင်နိုင်ပါစေ
သူငယ်ချင်းများထံသို့ အီမေးဖြင့်ပို့လိုလျှင် http://www.rebtel.com/en/home
လေးစားစွာဖြင့်
မျိုးမြင့်အောင်

အပြည့်အစုံဖတ်ရန်...

ခမရ ၂၂၆ မှ တပ်ပြေးရဲဘော် ၂ ဦး၏ အခြေအနေ

ပြာဂလောင် (မီဇိုးရမ်းမှ ပေးပို့သည်)
ခမရ ၂၂၆ မတူးပီးတပ်မှ ကျော်ကျော် (အသက် ၁၉ နှစ်) သည် သူငယ်ချင်းတစ်ဦးနဲ့ အတူး လက်နက်များဖြင့် အိန္ဒိယ နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာရာ နယ်မြေဒေသ စကားမကျွမ်းကျင်မှုကြောင့် ယင်း မောင်ကျော်ကျော်သည် မနေက နယ်မြေခံ တပ်များက ဖမ်းစီးမိပြီး၊ ယခုအခါတွင် မီဇိုး ရဲစခန်းက ကိုင်တွယ်ဖြေရှင်းနေသည်ဟု သိရသည်။ မောင်ကျော်ကျော်၏ သူငယ်ချင်မှာတော့ မီဇိုးစကား အနည်ငယ် ကျွမ်းကျင်တာကြောင့် လွတ်မြောက်သွားသည်ဟု သိရပါသည်။ မောင်ကျော်ကျော်နှင့် သူ၏သူငယ်ချင်းတို့တွင် ကာဘိုင် တစ်ယောက်တစ်လက်ဆီပါသည့်အတွက်ကြောင့် နေမြေခံတပ်မှ လိုက်လံဖမ်းဆီးခြင်းဖြစ်သည်ဟုသိရသည်။ ယင်းရဲဘော်နှစ်ဦးကို လည်း မြန်မာစစ်တပ်မှ အလုံးအရင်ဖြင့် လိုက်လံရှာဖွေနေသည်ဟုသိရသည်။
(နောက်ဆက်တွဲ သတင်းကို ဆက်လက်ဖော်ပြမည် ဖြစ်သည်)

အပြည့်အစုံဖတ်ရန်...

မြေနိမ့်ရာ လှံစိုက်ခံရသူများ ( ကျနော်တော့ ဒီသတင်းကို ဖက်ပြီး မျက်ရည်ကျမိပါတယ်။ တတ်နိုင်သလောက် ထပ်မံကူညီကြပါဦးဗျာ)

ကြည်ဝေ | မေ ၁၅၊ ၂၀၀၈

လှိုင်သာယာမြို့နယ် အမှတ် (၄၄) အမက ကျောင်းအနီးတွင် မိုးရေစိုရွှဲနေသော အ၀တ်အထည်များနှင့် လူအစုစု တို့ကို မိုးရေတွေအောက်မှာ အမိုးအကာမပါဘဲဟိုမှာ ဒီမှာ ထိုင်လျက်ရှိတာကိုတွေ့မြင်ရပါတယ်။

အဲဒီ လူအစုစုတို့ဟာ လှိုင်သာယာ အမက အမှတ် (၄၄) ကျောင်းက နှင်ထုတ်လိုက်တဲ့လေဘေးဒုက္ခသည်တွေ ဖြစ်ကြပြီး သွားစရာနေစရာ နေရာမရှိသောကြောင့် ခုလိုထိုင်နေကြတာဖြစ်တယ်လို့ သူတို့တွေက ပြောပြကြပါတယ်။



လေဘေးဒဏ်ထိ သန်လျင်မြို့နယ် ကျိုက်အင်းကျေးရွာရှိ ဖြစ်သလို ပြန်ဆောက်ထားသော အိမ်တလုံး (ဓာတ်ပုံ - ဧရာဝတီ)

မိုးရေထဲမှာ ထိုင်နေကြတဲ့ ဒုက္ခသည်တွေမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်ကြတာ တွေ့ရသလို နာမကျန်း ဖြစ်နေသူတွေလည်း ပါဝင်နေတာ တွေ့မြင်ရပြီး မနက်စာတောင် မစားရသေးကြောင်း သိရပါတယ်။

သူတို့တွေဟာ မိုးစက်တွေအောက်မှာ ပလတ်စတစ်တွေကိုခေါင်းမြီးခြုံတဲ့သူက ခြုံနဲ့ မလုံမခြုံနေထိုင်နေကြရပြီး တချို့ ကလည်း မိုးခိုစရာ နေရာအဖြစ် ကျောင်းရဲ့ အုတ်နံရံကို မှီပြီး မိုးခိုနေကြတာ တွေ့မြင်ရပါတယ်။

“နေစရာ တဲပြန်ဆောက်ဖို့ မပြောပါနဲ့ စားစရာ အိုးခွက်ပန်းကန်တောင်မရှိတော့တာ၊ ဘယ်နှယ်လုပ်ရမလဲ” လို့ အသက် ၆၆ နှစ်အရွယ် လေဘေး ဒုက္ခသည်အမျိုးသမီးက မိုးရေတွေစိုရွှဲပြီး ခိုက်ခိုက်တုန်နေတဲ့ကြားက ပြောပြ ခဲ့ ပါတယ်။

သူမ အပါအ၀င် ကျောင်းထဲမှာ နေထိုင်တဲ့ လှိုင်သာယာ မြို့နယ် ၁၅ ရပ်ကွက်မှ လေဘေးဒုကသည်တွေ အားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီနေ့ မနက်စောစောကပဲ ကျောင်းထဲကနေထွက်သွားဖို့ နှင်ထုတ် ခဲ့ကြောင်း သူမက ပြောပြပါတယ်။

အများစုဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ မတတ်နိုင်တော့တဲ့ အတွက် ခုလို ဒုက္ခသည် စခန်းမှာလာရောက်နေထိုင်ကြရခြင်းဖြစ်ပါတယ်။

အဆိုပါ ဒုက္ခသည်များအနေနဲ့ တဲအိမ်ပြန်လည်ထူထောင်ဖို့ထက် နေ့စဉ်စားသောက်ဖို့ အိုးခွက်ပန်းကန်များကစ အခက် အခဲရှိနေပြီး ခုလိုနှင်ထုတ်တဲ့အခါမှာလည်း လမ်းမပေါ်မှာနေရုံကလွဲလို့ တခြားသွားစရာနေရာမရှိပါဘူး လို့ ဆိုကြပါတယ်။

စစ်အာဏာပိုင်များအနေနဲ့ စာသင်ကျောင်းများထဲမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေကို မေလ ၇ ရက်နေ့မှ စတင်နှင် ထုတ်နေခဲ့ပြီး ၁၅ ရက်နေ့နောက်ဆုံးထား ထွက်ပေးရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီနေ့ မနက်စောစော မှာ ကျောင်းဝန်း အတွင်း နေထိုင်ကြတဲ့ လက်ကျန် ဒုက္ခသည်ပေါင်း ၆၀ ကျော်ကိုကျောင်းဝန်းထဲကနေ ပြင်ပကို ဆွဲထုတ်ခဲ့ကြောင်း ဒုက္ခ သည်များရဲ့ပြောပြချက်များအရ သိရှိရပါတယ်။

တခြားရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာလည်း စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း တွေကို ရှင်းလင်းဖို့အတွက် ဒုက္ခသည်တွေကိုမောင်းထုတ်နေကြောင်း ကြားသိရပါတယ်။

“ကျောင်းဖွင့်ချိန် နီးလို့ဆိုပြီး ဒုက္ခသည်တွေကို သူတို့ရဲ့ပျက်သွားတဲ့အိမ်တွေဆီကို ပြန်ဆောက်ပြီး ပြန်နေကြဖို့ ပြန်လွှတ် တယ်၊ အများစုက ပြန်ဆောက်နိုင်လောက်အောင် အင်အားမရှိကြတော့ဘူးဆိုတော့ နောက်ဆုံးနေလို့ ရတဲ့ အထိနေကြတာ ပေါ့”လို့ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

တောင်ဒဂုံမြို့နယ်မှ နှင်ထုတ်ခံခဲ့ရသူ လေဘေးဒုက္ခသည်တဦးကတော့ သူတို့နေတဲ့ ဒုက္ခသည်စခန်းကို အစိုးရ အနေနဲ့ မေလ ၂၄ ရက်နေ့ ဆန္ဒခံယူပွဲမှာ မဲရုံ အဖြစ် ဆောက်လုပ်ဖို့အတွက်သူတို့ကို နှင်ထုတ်ခြင်းဖြစ် ကြောင်း ပြောပြပါတယ်။

“ကျနော်တို့ကို အခု ဘုန်းကြီးကျောင်းက ခေါ်ထားပေးတယ်၊ ဘုန်းကြီးကျောင်းမှာ ကျနော်တို့ မိသားစုအပြင် တခြားလူ တွေကော အများကြီးပဲ စုစုပေါင်း အယောက်၂၀၀ ကျော်လောက်ရှိမယ်”လို့ သူက ပြောပြပါတယ်။

ပြည်တွင်းပြည်ပ မှ အကူညီအထောက်အပံ့ပေါင်းမြောက်များစွာ လက်ခံရရှိတဲ့ စစ်အစိုးရအနေနဲ့ ဒုက္ခသည် တွေကို စခန်း တွေကနေ နှင်ထုတ်ဖယ်ရှားနေချိန်မှာ အကူအညီအထောက်အပံ့မရရှိတဲ့ ဘုန်းတော်ကြီးကျောင်း တွေကနေလက်ခံ ကျွေးမွေးနေတဲ့ အဖြစ်အပျက်ကို တွေ့မြင်ရတဲ့အတွက် ဒုက္ခသည်များအနေနဲ့ သံဃာတွေ အပေါ် ပိုပြီး ကြည်ညိုကိုးစား မိတယ်လို့ ပြောဆိုကြပါတယ်။

လှိုင်သာယာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတခုမှာလည်း စခန်းကနေ နှင်ထုတ်လိုက်လို့ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို လက်ခံထားရှိပြီးကျွေးမွေးနေကြောင်း အဆိုပါ ဘုန်းကြီးကျောင်းမှာ နေထိုင်သူ တဦးက
ပြောပြပါတယ်။

“အရင်တုန်းက ဘုန်းဘုန်းကျောင်းမှာ ဒုက္ခသည်ပေါင်း ၅၀ လောက်ပဲရှိတာ၊ ခုရက်ပိုင်း စခန်းတွေကနေ ဖယ်ခိုင်းလို့ဆိုပြီး ဒုက္ခသည်တွေ ရောက်ရောက်လာကြတာနဲ့ ခုဆို အယောက် ၁၀၀ ကျော်လောက်ရှိတယ်၊ ဘုန်းဘုန်း ကတော့ လာသမျှ လက်ခံပြီး ကျွေးတာပဲ”လို့ သူက ဆိုပါတယ်။

ဒုက္ခသည်တွေအနေနဲ့ စခန်းကနေ နှင်ထုတ်ခံရပြီး နောက်ပိုင်း ဘုန်းကြီးကျောင်းတွေမှာ သွားရောက် နေထိုင်ကြပါတယ်။ အများစုကတော့ ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ရင်း အိမ်ပြန်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းနေကြ တာ တွေ့မြင်ရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေလာရောက်နေထိုင်ကြပေမယ့် စစ်အာဏာပိုင်များ အနေနဲ့ အဆိုပါဘုန်းကြီးကျောင်းတွေကို ဒုက္ခသည်တွေအတွက် လာရောက်လှူဒါန်းခြင်းမျိုးလုံးဝ မရှိ သလို အသိအမှတ်ပြုခြင်းလည်း မရှိကြောင်း ကြားသိရပါတယ်။

အဲဒီအပြင် ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအတွက် တနိုင်တပိုင်လာရောက်လှူဒါန်းသူတွေ ရှိ ပေမယ့် ရောက်ရှိနေထိုင်ကြတဲ့ ဒုက္ခသည်အရေအတွက်နဲ့ စာရင် နည်းပါးနေသေးတဲ့အတွက် ဘုန်းတော်ကြီး ကျောင်း တချို့မှာ ဒုက္ခသည်တွေကို တနေ့ ထမင်းတနပ်နဲ့ဆန်ပြုတ်တနပ်ပဲ ကျွေးနိုင်တော့တယ်လို့ သိရှိရပါ တယ်။

“ဘုန်းဘုန်းကတော့ နောက်ဆုံးကျွေးစရာမရှိတော့ရင်တောင် ဒုက္ခသည်တွေကို နှင်ချဖို့ ဘယ်တော့မှ မစဉ်းစား ဘူး၊ မဖြစ်ဖြစ်အောင် ကျွေးထားမှာပဲ၊ အခုအရေးတကြီးလိုအပ်နေတာ သူတို့အတွက် ကျန်းမာရေးဆေးဝါးတွေပဲ၊ နေမကောင်း တဲ့သူတွေ တော်တော်များများရှိနေတယ်”လို့ လှိုင်သာယာမြို့နယ်တွင်းမှ ကျောင်းထိုင်ဘုန်းကြီး တပါးက ပြောဆိုပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအနေနဲ့ စစ်အာဏာပိုင်တွေက လေဘေးဒုက္ခသည်တွေအတွက် ရောင်းချပေးမယ့် ဆီ၊ ဆန်၊ ဆား၊ သွပ်နဲ့အိမ်ဆောက်ပစ္စည်းတွေ ၀ယ်ယူခွင့်မရှိဘူး လို့ ပြောဆိုသံတွေ ကြားရကြောင်း ဘုန်းကြီးကျောင်းမှာ နေရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ပျက်စီးသွားတဲ့ ကိုယ့်နေရာမှာ ပြန်နေသူများကိုသာ လိုအပ်တဲ့ ပစည်းတွေ ရောင်းချပေးမှာ ဖြစ်တယ်လို့ ရယကနဲ့ ကြံ့ဖွံ့တွေက ကြေညာထားကြောင်းလည်း ဒုက္ခသည်တွေက ပြောပြကြပါတယ်။ ။

အပြည့်အစုံဖတ်ရန်...

လေဘေး ပြန်လည်ထူထောင်ရေး စစ်အစိုးရက စီးပွားရေးကုမ္ပဏီများကို ကန်ထရိုက်ပေး

ကိုစိုး | မေ ၁၆၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ အဆောက်အဦ အိမ်ရာစသည့် ပျက်စီး ဆုံးရှုံးမှုများ ပြန်လည်တည်ဆောက်ရေးအတွက် စစ်အစိုးရ၏ မြို့ရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီ ၄၃ ခု ကို လုပ်ငန်းများ ခွဲဝေချထားပေးရန် လျာထားကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်း မှ သိရှိရသည်။

အဆိုပါစီမံကိန်းအတွက် မြို့နယ်အလိုက်လုပ်ငန်းများခွဲဝေရရှိမည့် ကုမ္ပဏီများတွင် စစ်အစိုးရနှင့် နီးစပ်ပြီး အကျိုး စီးပွား များစွာ ဖြစ်ထွန်းနေသော နာမည်ကြီး ဧရာရွှေဝါ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်၊ ထူး၊ ဧဒင်၊ ရွှေသံလွင်၊ မက်စ် မြန်မာနှင့် အက်ဖ် အမ် အိုင် စသည့် ကုမ္ပဏီများ ထိပ်ဆုံးမှ ပါဝင်ကြောင်း နီးစပ်သူများကပြောဆိုသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးကမူ“မကြာခင်သေးခင်ကပဲ အစိုးရက ကုမ္ပဏီတွေကို ပိုက်ဆံချမပေးနိုင်ဖြစ်ခဲ့သေးတယ်၊ ဒါပေမယ့် အဲဒီ ကုမ္ပဏီတွေကို ကားပါမစ်တွေတော့ ထုတ်ပေးလိုက်တယ်တဲ့”ဟု ပြောသည်။

ယင်းကုမ္ပဏီများထဲမှ ဧရာရွှေဝါ ကုမ္ပဏီသည် နအဖ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သား ဦးအောင်သက်မန်းပိုင် ကုမ္ပဏီဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ၎င်းကုမ္ပဏီ သည် နေပြည်တော် စစ်ရုံးဆောက်လုပ်ရေး လုပ်ငန်း ကန်ထရိုက်ရရှိခဲ့ဖူးသည်။

လပွတ္တာမှ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးကမူ ယင်း ဧရာရွှေဝါကုမ္ပဏီသည် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်း များတွင် ခိုလှုံနေသည့် လေဘေး ဒုက္ခသည်များကို အဓမ္မခေါ်ယူ၍ တနေ့ ကျပ် ၈၀၀ ဖြင့် အလုပ်ခိုင်းစေမှုများ ရှိကြောင်း ပြောပြသည်။

လပွတ္တာတွင်ပင် ဇေကမ္ဘာ၊ မက်စ်မြန်မာ နှင့် ဝါဝါဝင်း ကုမ္ပဏီတို့သည်လည်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ယင်း လပွတ္တာမြို့နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်ချုပ်ဌေးဦး ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု လူအများပြောဆိုနေကြသော ဦးတေဇ ၏ ထူး ကုမ္ပဏီမှာမူ ဘိုကလေးမြို့ လုပ်ငန်း များကို လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ ဒိုင်းမွန်းမာကျူရီအမည်ရှိ ကုမ္ပဏီတခုလည်းဘိုကလေးတွင် လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသည်။ ဘိုကလေးမြို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်မှူးချုပ် သိန်းအောင် ဖြစ်သည်။

ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်(စတီဗင်လော) ပိုင်ဆိုင်သော အေးရှားဝေါလ် ကုမ္ပဏီသည် ကွမ်းခြံကုန်းမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၎င်းတဦးတည်းလုပ်ကိုင်ခွင့်ပေးရန် လျာထားခံရကြောင်း နှင့် ဧဒင် ဆောာက်လုပ် ရေး ကုမ္ပဏီကိုလည်း ဒေးဒရဲ မြို့အတွက် တဦးတည်း လုပ်ကိုင်ခွင့်ပေးရန် လျာထား ကြောင်း တို့ကိုလည်း သိရှိရသည်။

ကွမ်းခြံကုန်းနှင့် ဒေးဒရဲ မြို့တို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်မှူးချုပ် လွန်းသီ ဖြစ်သည်ဟု ဆိုသည်။

ရွှေသံလွင် နှင့် အက်ဖ်အမ်အိုင် ကုမ္ပဏီတို့မှာ ရေတပ်အခြေစိုက် ဟိုင်းကြီးကျွန်းနှင့် ငပုတောမြို့တို့၏ ထူထောင်ရေး လုပ်ငန်းများရရှိမည်ဖြစ်ပြီး အရုဏ်ဦး၊ တက်လမ်း၊ မိုးကြယ်စင်နှင့် သိဏ်းအမည်ရှိ ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။ ယင်းဒေသ၏ ပြန်လည်ထူထောင်တည်ဆောက်ရေး တာဝန်ခံမှာ ဗိုလ်မှူးချုပ် မျိုးမြင့်သန်း ဆိုသူ ဖြစ်သည်။

ရန်ကုန်အခြေစိုက် ဝါရင့် မဂ္ဂဇင်း အယ်ဒီတာ တဦးကမူ အစိုးရအနေနှင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုသာ ဦးစားပေးလုပ်သင့်ကြောင်း ပြောဆိုသည်။

“အစိုးရအနေနဲ့ အခုအချိန် ဦးစားပေးလုပ်ရမှာက ဒုက္ခသည်တွေလိုအပ်နေတဲ့ အစားအစာ၊ အမိုးအကာတွေနဲ့ သောက်သုံး ရေသန့် တွေရအောင်လုပ်ပေးသင့်ပါတယ်၊ အစိုးရက ဒုက္ခသည်တွေကို ကျပ် ၁ သောင်းလောက်တန်တဲ့ သွပ် တချပ်ကို ၄၅၀၀ နဲ့ရောင်းပေးတယ်တဲ့၊ ဒါပေမယ့် ဒုက္ခသည်တွေမှာက ဝယ်စရာ ပိုက်ဆံတပြားမှ မရှိဘူး”ဟု အထက်ပါ ဝါရင့် အယ်ဒီတာ က ပြောသည်။

ယင်းသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ခွင့်ပေးရန်လျာထားသည့် ကုမ္ပဏီများတွင် တခြားသော ဒဂုံ၊ ယုဇန၊ ပြည့်ဖြိုးကျော်၊ အေဝမ်း၊ တီဇက် တီအမ်၊ Original ၊ မောင်ဝိတ်၊ Golden Flower ၊ ဖွံ့ဖြိုးအောင်၊ Tosta ၊ ရွှေတောင်၊ Asia Express ၊ Naing Group ၊ Universal ၊ သော်တာဝင်း ၊ Shine ၊ အက်ပီဒင် ၊ အေရိပ်မွန် ၊ Excel ၊ ရွှေကမ္ဘာ ၊ နောင်တုံ ၊IEG ၊ ရွှေဘုရင်၊ မြန်မာ့အလှ ၊ Opal ၊ ချမ်းသာ ၊ WHK ၊ KMA ၊ ဌေးမိသားစု စသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများပြုလုပ်မည့် မြို့နယ်များမှာ ဧရာဝတီတိုင်းမှ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ ၊ ငပုတော(ဟိုင်းကြီး) စသည့် (၇) မြို့နယ် အပါအဝင် ရန်ကုန်တိုင်းမှ တွံတေး၊ သံလျင်/ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ ၊ ဆိပ်ကြီး/ ခနောင်တို မြို့နယ် များ နှင့် ရန်ကုန်မြို့ရှိ အရှေ့ပိုင်း ခရိုင် (အေ) (ဘီ) နှစ်ပိုင်းနှင့် အနောက်ပိုင်းခရိုင် (စီ) (ဒီ) နှစ်ပိုင်း တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိန်က ကယ်ဆယ်ရေးလုပ်ငန်းများကို ထိန်းသိမ်း ဆောင်ရွက်ထားပြီးဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အတွက် ပုဂ္ဂလိကကုမ္ပဏီများ၏အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ပြောဆိုချက်ကို ဖော်ပြ ထားသည်။

မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင်ပြုလုပ်သည့် လေဘေးသင့်ဒေသများ ပြန်လည်ထူထောင် တည်ဆောက် ရေး အစည်းအဝေးတွင်လည်း ပုဂ္ဂလိက ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားခဲ့သည်ဟု မေလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

အပြည့်အစုံဖတ်ရန်...

နိုင်ငံတကာက အကူပစ္စည်းတွေ ဘယ်ရောက်နေလဲ

ကိုသက် မေ ၁၆၊ ၂၀၀၈

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အပါအ၀င် နိုင်ငံတကာမှလှူဒါန်းထားသည့် အကူပစ္စည်းများကို သတင်းမီဒီယာများ၏ မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ အဆိုများအရ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် လေဘေး ဒုက္ခသည်များထံ အနည်းငယ်သာရောက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် လေဘေးအကူပစ္စည်းများ (ဓာတ်ပုံ - ရိုက်တာ)
နိုင်ငံတကာ၏ လေဘေးအကူပစ္စည်း တန်ချိန်ပေါင်း ၇၀၀ ကျော် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။


ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ညောင် ပင်လေးဈေး စားသောက်ကုန်တန်းရှိ ကုန်စုံဆိုင်တဆိုင်တွင် လေဘေး ကယ်ဆယ်ရေးပစ္စည်း ဖြစ်သည့် ငါးသေတ္တာဘူးများ ရောင်ဝယ်နေ ကြောင်းကြားသဖြင့် သက်ဆိုင်ရာက ဖမ်းသွားကြောင်း ကြားသိရသည်။ ယင်းကိစ္စနှင့်ပတ်သက် ပြီး ရန်ကုန်ရှိ ဧရ၀တီသတင်းထောက်က သွားရောက် စုံစမ်းရာ အဆိုပါဆိုင်ကိုပိတ်ထားပြီး ကယ်ဆယ်ရေး စည်သွပ်ဘူးများ ရောင်းချနေသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးသွားကြောင်း ဆိုင်နီးနားချင်းများက ပြောဆိုသည်။

လေဘေးအကူပစ္စည်းများသည် သက်ဆိုင်ရာအာဏာပိုင်တို့မှတဆင့် အရောင်းဆိုင်များသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုအခါမှ ဟန်ပြသဘောဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟုလည်း ဧရာဝတီသတင်းထောက်က မျက်မြင်သက်သေ များအား ကိုကားပြောဆိုသည်။

ရန်ကုန်မြို့ခံတဦးကလည်း “ခေါက်ဆွဲခြောက်တွေ ညောင်ပင်လေးဈေးက ဆိုင်ပေါ်မှာတင်ထားတာ … ယိုးဒယားစာတွေပဲ ပါတယ်၊ ပါကင်ပုံးတွေ ဖြေတောင်မဖြေရသေးဘူး။ အဲဒီတံဆိပ်တွေ ကျနော်တို့ဆီမှာအရင်က မတွေ့ဖူးဘူး … ဓာတ်ပုံရိုက် ထားတယ်” ဟု ပြောသည်။

ယခုအပတ်အတွင်း လေဘေးအကူပစ္စည်းများကို အာဏာပိုင်အဖွဲ့အစည်းများက ခိုးထုတ်ရောင်းနေသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး အစိုးရက လေဘေးကယ်ဆယ်ရေးပစ္စည်းများကို အလွဲသုံးစားလုပ်ပါက အရေးယူမည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

CNN, BBC နှင့် Aljazeera အစရှိသည့် ရုပ်သံသတင်းဌာနများနှင့် တခြားသတင်းမီဒီယာများ၏ သတင်းဓာတ်ပုံများအရ လေဘေးဒုက္ခသည်တချို့ နိုင်ငံတကာကလှူဒါန်းသည့် ရွက်ဖျင်တဲအပြာများတွင် နေထိုင်ကြသည်ကို တွေ့မြင်နေရသော် လည်း အသင့်စားသောက်ရန် စီစဉ်ထားသည့် နိုင်ငံခြားဖြစ် အစားအစာများ စားသောက်နေပုံများနှင့် မိုးကာအင်္ကျီဝတ်ဆင် ထားသည်ကို မတွေ့ရသေးပေ။

ပုဂ္ဂလိက အလှူရှင်များ လှူဒါန်းနေစဉ် (ဓာတ်ပုံ - အေပီ)
နာဂစ် မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ သီတင်း ၂ ပတ်ရှိခဲ့ပြီဖြစ်သော်လည်း သိန်းချီသည့် လေဘေးဒုက္ခသည် များသည် ယခုအချိန်အထိ ပုဂ္ဂလိက ပြည်တွင်းအလှူရှင်များ၏ ကူညီမှုများကို အဓိကထား အသက်ဆက်နေရပြီး ရေရှည်တွင် ၎င်းအလှူရှင်များ မည်သို့ ခရီးဆက်ရမည်ကို အချင်းချင်း မေးခွန်း ထုတ်နေကြသည်။

“ကျနော်တို့ ၄၊ ၅ ရက် ဆက်တိုက်သွား ခဲ့ကြတယ် … တခြားအလှူရှင်တွေ ကိုလည်း တွေ့ခဲ့ပါတယ်။ ဒုက္ခသည်တွေ ရတန်သလောက်ရကြတယ်။ နောက်နေ့တွေ ဘယ်သူတွေထပ် သွားမလဲ၊ အဲဒီကွက်လပ်ကို ဘယ်သူက ထပ်ဖြည့်မလဲ။ အားလုံးမောပန်းပြီး လက်ကုန်သွားရင် ဘယ်သူတွေဆက်လုပ်မလဲ။ ဖြစ်နေတာက မိုးကာဖျင်တဲတချို့ကလွဲပြီး နိုင်ငံခြားအစားအစာ မတွေ့ရဘူး” ဟု ရန်ကုန်တိုင်းအတွင်း လေဘေးဒဏ်ခံခဲ့ ရသည့် မြို့နယ်များတွင် သွားရောက်လှူဒါန်းခဲ့သူတဦးက ပြောသည်။

ရန်ကုန်ရှိ မဂ္ဂဇင်းအယ်ဒီတာတဦးက “နိုင်ငံတကာက ကူညီနေတာတွေက ထိရောက်ပါတယ်၊ ဒုက္ခသည်တွေ လက်ထဲကို စနစ်တကျရောက်သွားမယ်ဆိုရင်တော့ အများကြီးကောင်းပါတယ် … ဒါပေမယ့် ရောက်တာကို မတွေ့ရဘူး၊ အစိုးရပိုင်းက လစ်လျူရှုထားတယ်လို့ပဲ မြင်ပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

အပြည့်အစုံဖတ်ရန်...

Thursday, May 15, 2008

လေဘေးဒုက္ခသည်များ ဆန္ဒခံယူပွဲအတွက် နေရာဖယ်ပေးရ

နန်းဒေဝီ
ကြာသပတေးနေ့၊ မေလ 15 2008 18:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ဆင်ခြေဖုံးမှ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များ သူတို့ခိုလှုံနေသော ယာယီစခန်းများမှ မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဖယ်ရှားပေးရန် နှင်ထုတ်ခံနေရသည်။

မုန်တိုင်းကြောင့် သူတို့၏နေအိမ်များ ပျက်စီးသွားသဖြင့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စံရိပ်ငြိမ်ရပ်ကွက် မှ လေဘေး ဒုက္ခသည် ၅၇ ဦးသည် ရပ်ကွက်တွင်းရှိ ဓမ္မာရုံတွင် ခိုလှုံနေထိုင်ကြရသည်။ ဤဓမ္မာရုံကိုသာမန်အားဖြင့် ဘာသာရေး အခမ်းအနားများနှင့် မင်္ဂလာဆောင်ကဲ့သို့သော လူမှုရေးအခမ်းအနားများအတွက် အသုံးပြုသည်။



ဆိုင်ကလုံမုန်တိုင်း တိုက်ခတ်ခဲ့၍ မုန်တိုင်းဒဏ်ခံခဲ့ရရာ ဒေသများတွင် ဖွဲ့စည်းပုံညီလာခံ အတည်ပြုရေး ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းထားခဲ့သည်။ ယခုအခါ အဆိုပါဆန္ဒခံယူပွဲမတိုင်ခင် ၄ ရက်အလိုတွင် အဆိုပါယာယီခိုလှုံရာနေရာများမှ ထွက်ခွါပေးရမည်ဟု လေဘေးဒုက္ခသည်များကို နှင်ထုတ်နေခြင်း ဖြစ်သည်။

"သူတို့ကဒုက္ခသည်တွေ ခုနေတဲ့နေရာကို မဲရုံအဖြစ်သုံးမှာဆိုတော့ ဖယ်ခိုင်းနေတာ၊ မေလ (၂ဝ) ရက်နောက်ဆုံးထားပြီး ထွက်ပေးရမယ်တဲ့" ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် သူတဦးက ပြောပါသည်။

လွန်ခဲ့သော ၅ ရက်က ဒုက္ခသည်များထံ စေတနာရှင်များ လှူဒါန်းထားသောအစားအစာများ ယူလာရင်း ယခုကဲ့သို့ နေရာဖယ်ပေးရန် လေဘေးဒုက္ခသည် အိုးမဲ့အိမ်မဲ့များကိုပြောသွားခဲ့ခြင်း ဖြစ်သည်။ "ဒါပေမဲ့ သူတို့က ဘယ်နေရာကို ပြောင်းရမယ်လို့ ပြောမသွားဘူး။ ဆန္ဒခံယူပွဲလုပ်ဘို့ ရက်ကလိုသေးတော့ ကျနော်တို့လဲ နောက်ထပ်ရက်နည်းနည်းတော့ ဆက်စောင့်ရဦးမှာဘဲ" ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသွားပါသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် အပျက်အစီးများ နေရာအနှံ့ဖြစ်ပေါ်ခဲ့သော်လည်း မြို့နယ်နှင့်ရပ်ကွက် အာဏာပိုင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) တို့မှ အဖွဲ့ဝင်များသည် တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူအချို့ထံမှ 'ကြိုတင်မဲ' များ လိုက်လံတောင်းခံလျက် ရှိသည်။ ထိုသို့ ကြိုတင်မဲတောင်းခံခြင်းကို မုန်တိုင်းဝင်အပြီး နောက်တရက်တွင် လိုက်လံကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အိမ်တိုင်ယာရောက် ကြိုတင်မဲကောက်ခံခြင်းကို မူလက သက်ကြီးရွယ်အိုများ၊ ဆန္ဒခံယူပွဲနေ့တွင် ခရီးထွက်ရန်ရှိသူများ အဆင်ပြေစေရန် အတွက်သာ ရည်ရွယ်ထားရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ လူတိုင်းကို ဆန္ဒခံယူပွဲနေ့ မတိုင်ခင်ကတည်းက ထိုသို့ ဆန္ဒမဲများ ကြိုတင်ထည့်ခိုင်းနေခြင်းဖြစ်သည်ဟု ရပ်ကွက်သူရပ်ကွက်သားများက ပြောပြကြသည်။

မဲဆန္ဒပေးခွင့်ရှိသူများအနေဖြင့် ထောက်ခံ ကန့်ကွက် မိမိနှစ်သက်သလို ထည့်ခွင့်ရှိရမည် ဖြစ်သော်လည်း ယခုအခါ ရွေးချယ်ခွင့်မရှိတော့ဘဲ 'ထောက်ခံ' မဲသာ ထည့်ကြရသည်ဟု ဆိုသည်။ "ဆန္ဒမဲက လျှို့ဝှက် မဟုတ်တော့ဘူးဗျ။ အာဏာပိုင်တွေလက်ထဲကို တခါထဲပြောင်းထည့်လိုက်ရတာ" ဟု ဒဂုံမြို့နယ်ဒေသခံများက ဆိုကြပါသည်။

ကြံ့ဖွံ့ (USDA) အဖွဲ့ဝင်များ ဖြစ်ကြသော စောနိုင်၊ တင်မောင်သန်း၊ ညီကျော်၊ မြင့်သန်း နှင့် အောင်မြင့်ဌေး တို့က ထိုကဲ့သို့ ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ခံလျက်ရှိကြသည်ဟု ဒေသခံများက ဆိုကြပါသည်။

"အာဏာပိုင်တွေက သူတို့အာဏာမြဲဘို့ဘဲ စဉ်းစားနေတာ။ ဆိုင်ကလုံမုန်တိုင်းကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့လူထုကိုကူဘို့ မစဉ်းစားဘူး" ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ ဒေသခံတဦးက ပြောသွားပါသည်။

ရန်ကုန်မြို့ခံ အများအပြားသည် စစ်အစိုးရ၏ဦးစားပေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး မချင့်မရဲ မသက်မသာ ဖြစ်ကြရသည်။ "ကျနော်သူတို့ကို ထောက်ခံတဲ့မဲ မထည့်ဘူးဗျ။ ကိုယ့်အိမ်မှာ စားစရာမရှိတဲ့အချိန် သူတို့ကို မထောက်ခံနိုင်ပါဘူးဗျာ" ဟု အဆိုပါ စမ်းချောင်းဒေသခံတဦးက ပြောဆိုသွားပါသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၃၄၂၇၃ သေ၍ ၁၄ဝ၃ ဒဏ်ရာရကာ ၂၇၈၃၈ ပျောက်ဆုံးနေကြောင်းဖြင့် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားဖေါ်ပြသည်။ သို့သော် အကူအညီပေးရေးလုပ်သားများနှင့် ကုလအေဂျင်စီများကမူ မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

စစ်အစိုးရကမူ မေလ (၁ဝ) ရက်နေ့တွင်ကျင်းပရန် စီစဉ်ထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းအတွင်း ၄၇ မြို့နယ်တွင်သာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းပေးခဲ့သည်။

ဝေဖန်သူများက အဆိုပါဖွဲ့စည်းပုံသည် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်သည်ဟု ပြောဆိုဝေဘန်နေကြ ပြီး၊ စစ်အစိုးရကမူ ဤဆန္ဒခံယူပွဲသည် 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်' သို့ ကူးပြောင်းရေးအတွက် အစိတ်အပိုင်းတရပ်ဖြစ်သည်ဟု ပြောဆိုနေသည်။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */